ပျော်ဘွယ်မြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် စကားပုံ ဆက်ပြိုင်ပွဲဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ
ပျော်ဘွယ်မြို့နယ်တွင် (၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စကားပုံဆက်ပြိုင်ပွဲတွင်ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇူလိုင်လ(၁၃)ရက်၊ မွန်းလွဲ (၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။