ဟိုပန် ဇူလိုင် ၁၃
"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် အသက်(၁၈)အထက်ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး Booster Dose ကို မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၏ စီစဉ်ကြီးကြပ်မှုဖြင့် ကော်မတီဝင်များနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက ပြည်သူ့ဆေးရုံ ၊ ပန်ကောက်ကျေးရွာနှင့် ရွှေဝါကျေးရွာစုရပ်နေရာများ၌ ဆက်လက်ကွင်းဆင်း ထိုးနှံပေးခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ကို ယခင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး(၆)လပြည့်ပြီးသော အသက်(၁၈)နှစ်အထက် ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအားထိုးနှံပေးခဲ့ရာ ယနေ့အထိ(၂၇၂၈)ဦး ထိုးနှံပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသူများအား သက်ဆိုင်ရာစုရပ်အလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ဟိုပန်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီထံမှ သိရသည်။
ဇင်ဇင်(ပြန်/ဆက်)