သင်္ဃန်းကျွန်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါနှင့် ခြင်မှဖြစ်ပွားတတ်သောရောဂါများ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်

သင်္ဃန်းကျွန်း ဇူလိုင် ၁၃

မိုးတွင်းကာလတွင် ဖြစ်ပွားတတ်သော ရောဂါများဖြစ်သည့် သွေးလွန်တုပ်ကွေးရောဂါနှင့် ခြင်မှဖြစ်ပွားတတ်သော ကူးစက်ရောဂါများ မဖြစ်ပွားစေရန်ရည်ရွယ်၍ သင်္ဃန်းကျွန်းမြို့နယ် အတွင်းရှိရပ်ကွက်များတွင် တစ်အိမ်တက်ဆင်း အဘိတ်ဆေးခပ်ပေးခြင်းလုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက  ငမိုးရိပ်ရပ်ကွက် အတွင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါရပ်ကွက်အတွင်းရှိ နေအိမ်များတွင်ရှိသော ရေစည်ရေကန်များသို့ အဘိတ်ဆေးခပ်ခြင်း နှင့်ပတ်သက်၍ ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးမှလည်း “ယခုလို မိမိတို့ရပ်ကွက်အတွင်း ရေစည်၊ ရေကန်များကို အဘိတ်ဆေးခတ်ခြင်း၊ သန့်ရှင်းရေးများ ဆောင်ရွက်ပေးခြင်းဖြင့် မိုးရာသီမှာဖြစ်ပွားတတ်တဲ့ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကိုလည်း ကာကွယ်ရာရောက်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနည်းလမ်း‌တွေဖြစ်တဲ့ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းစဉ်တွေကို အိမ်ရှင်၊ အိမ်ငှား မခွဲခြားဘဲ နေထိုင်သူများ ကိုယ်တိုင်ပူးပေါင်း ပါဝင်ဆောင်ရွက်သွားရင် ပိုပြီးထိရောက်‌မှာ ဖြစ်ပါတယ်”ဟုပြောကြားခဲ့သည်။

ခရိုင်(ပြန်/ဆက်)