လေးမျက်နှာမြို့နယ် မြို့ဦးစေတီတော်မြတ်အတွင်းရှိ ကြေးဆင်းတုတော်များအား ရောင်တော်ဖွင့် ကုသိုလ်ပြုခြင်းနှင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ ကျက်သရေဆောင် သံသရာငြိမ်းအေးစတုမုခဇေယျသိဒ္ဓိ စေတီတော်မြတ်ကြီးအတွင်း ကိန်းဝပ်စံပယ်တော်မူသော ကြေးဆင်းတုတော်များအား ရောင်တော်ဖွင့် ကုသိုလ်ပြုခြင်းနှင့် စုပေါင်းသန့်ရှင်းရေးကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။