လပွတ္တာခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားအသိပညာပေးဟောပြောပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစား အသိပညာပေးဟောပြောပွဲကို လပွတ္တာခရိုင်(၃)မိုင်မြို့သစ် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ ယနေ့နံနက်(၁၀)နာရီ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့၌ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းဆောင်ရွက်

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် အဓိကလုပ်ငန်းတာဝန်များတွင် တိရစ္ဆာန်ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများနှင့် ရောဂါကုသကာကွယ်ဆေးများ ထုတ်လုပ်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ရှိရာ တိရစ္ဆာန်များတွင် ဖြစ်ပွားလေ့ရှိသည့် ခွာနာရောဂါ၊ အရေပြားအကျိတ်ရောဂါနှင့် အာဖရိကဝက်အပြင်းဖျားရောဂါများအား ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာလှုပ်ရှားမှု ရက်သတ္တပတ်အဖြစ် သတ်မှတ်၍ အသိပညာပေးခြင်း  လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှိုင်မြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် ကျောင်းသား/သူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူနိုင်ရန် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား/သူများအား ကိုဗစ်-၁၉ကာကွယ်ဆေးပထမအကြိမ်ကို ယနေ့ အ.မ.က(၂၂)လှိုင်ကျောင်းတွင် ကိုဗစ်-​၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကလောမြို့၌ ကျောင်းသား/ကျောင်းသူများအသိပညာပေးဟောပြောပွဲများပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ တေဇခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျောင်းသား/ကျောင်းသူများအား မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများပူးပေါင်း၍

တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ရေဘေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီ အချိန်က ရေဘေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

မိုင်းငေါ့မြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များကို ဌာနဆိုင်ရာရုံးများ သွားရောက်ငှားရမ်းပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်း‌ငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ပရိတ်သတ်များ  စာပေဖတ်ရှုမှုအဆင်ပြေစေရန် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်ခန့်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ဌားရမ်းပေးခဲ့သည်။ 

နွားထိုးကြီးမြိုနယ်တွင် အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို လက်ဝယ်အရောက်ပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းက နွားထိုးကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရာများတွင် အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွာများအား လူမှုရေးပင်စင်များကို ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက လက်ဝယ်အရောက်ကွင်းဆင်း၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အလုံမြို့နယ်၌ (၇၅)နှစ်​မြောက် အာဇာနည်​နေ့ အထိမ်းအမှတ်​ ဟော​ပြောပွဲ၊ နံရံကက်စာ​စောင်နှင့် စာအုပ်ပြပွဲ​ဆောင်ရွက်

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဟော​ပြောပွဲ၊ နံရံကပ်စာ​စောင်နှင့် စာအုပ်၊စာ​စောင်ပြပွဲကို ယ​နေ့ နံနက်  ၉ နာရီက  ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်​​ကြောင်း သိရသည်။

ရွာငံမြို့နယ်၊ Community Centreခန်းမတွင် သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေး Talk Showဆောင်ရွက်

ဓနုကိုယ်ပိုင်အုပ်ချူပ်ခွင်ရဒေသ၊ ရွာငံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centreခန်းမတွင် သွေးလွန်တုပ် ကွေးရောဂါအကြောင်း အသိပညာပေး Talk Showကို

ကျိုင်းတုံမြို့နယ်၊ ဝမ်ပေါင်ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ကျွမ်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ကတ်တောင်ကျေးရွာအုပ်စု၊ ဝမ်ပေါင်ကျေးရွာတွင် ယနေ့ နံနက် ၉ နာရီ ခန့်က နေအိမ်တစ်လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
Subscribe to