(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

ပုသိမ်ကြီး ဇူလိုင် ၁၄

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် (၇၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အ-ထ-က ပုသိမ်ကြီးရှိ အောင်ဇဗ္မူခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အ-ထ-က ပုသိမ်ကြီး ကျောင်းအုပ်ကြီးဦးမျိုးဇော်ခိုင်က ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောရာ အနာဂတ်မျိုးဆက်သစ် လူငယ်များဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများအား “အာဇာနည် နေ့” ဟု ဖြစ်ပေါ်လာသည့် အကြောင်းအရာများအား သိရှိနားလည်စေရန် ရည်ရွယ်၍ ဟောပြောပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းဟောပြောခဲ့သည်။

ဆက်လက်၍ (၇၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အ-ထ-က ပုသိမ်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သော စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ဆောင်းပါးပြိုင်ပွဲတို့တွင် ဆုရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအုပ်ကြီးဦးမျိုးဇော်ခိုင်က အသီးသီးဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ အခမ်းအနားသို့ ကျောင်းအုပ်ကြီး၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း (၃၅၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)