ရွာငံမြို့တွင် ၇၅ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲကျင်းပ

ရွာငံ ဇူလိုင် ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ ဒေသ၊ရွာငံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ယနေ့ မွန်းလွဲ ၂ နာရီအချိန်က ၇၅ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ‌စာအုပ်စာစောင်ပြပွဲတွင် အာဇာနည်နေ့ဆိုင်ရာ စာအုပ်များ၊ သုတ/ရသ ဆိုင်ရာ စာအုပ်စာစောင်များ ခင်းကျင်းပြသခဲ့ပြီး အနာဂတ်လူငယ် ကျောင်းသား၊ ကျောင်းသူလေးများ စာကြည့်တိုက်ကိုအသုံးချတတ်စေရန်၊ စာပေ၏အကျိုးကျေးဇူး၊ စာပေတန်ဖိုးများကို သိရှိစေရန်နှင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့် အာဇာနည်(၉)ဦးအကြောင်းကို စိတ်ပါဝင်စားစေရန် ရည်ရွယ်၍ ပြသခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ စာအုပ်စာစောင်ပြပွဲသို့  အခြေခံပညာအထက်တန်းကျောင်း (ရွာငံ)မှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်ဖြိုးသန့်