ခမောက်ကြီးမြို့တွင် (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

ခမောက်ကြီး ဇူလိုင် ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ဇူလိုင်(၁၉)ရက်နေ့၌ ကျရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက် (၉) နာရီခွဲခန့်က ခမောက်ကြီးမြို့၊ မူလွန်အမှတ် (၄) ကျောင်းတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲတွင် ခမောက်ကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဒေါ်ရူပါမြင့်က ဝမ်းနည်းဖွယ် အထိမ်းအမှတ်နေ့တစ်ခုဖြစ်သော အာဇာနည်နေ့သမိုင်းကြောင်းကို ကျောင်းသား၊ ကျောင်းသူများသိရှိရန်နှင့် လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြသော အာဇာနည်ခေါင်းဆောင်များအား လေးစားအမှတ်ရနေစေရန် ရည်ရွယ်၍ ဟောပြောခဲ့သည်။

ယင်းနောက် ကျောင်းသူကျောင်းသားများမှ အာဇာနည်နေ့ နံရံကပ်စာစောင် ပြဘုတ်မှ လေ့လာမှတ်သားဖွယ်ရာ အကြောင်းအရာများကို စိတ်ဝင်တစား ဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ရူပါမြင့် (ခမောက်ကြီး)