မိုင်းရှူးမြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နယ်လှည့်‌ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲများ ကွင်းဆင်းဆောင်ရွက်

မိုင်းရှူး  ဇူလိုင် ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင် အခြားဗဟုတုသများရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ၂၀၂၂ခုနှစ်၊ ဇူလိုင်လ(၁၉)ရက် အာဇာနည်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက်(၁၀)နာရီက ကြူလွိုင်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ နည်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါကွင်းဆင်းဆောင်ရွက်မှုကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီး အရာရှိ ဒေါ်ခင်လေးလေးယုက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်း ပြောကြားပြီး ရုပ်သံကျွမ်းကျင်-၃ ဒေါ်နန်းသန်းလူက ရှမ်းဘာသာဖြင့် ပြန်လည်ရှင်းလင်း‌ပေးခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက စာအုပ်စာစောင်များဖတ်ရှုကြပြီး အာဇာနည်နေ့နှင့်ပတ်သက်သည့် အကြောင်းအရာများနှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာအကြောင်းအရာများ  နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲများ ခင်းကျင်းပြသပေးခဲ့ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)