ပုလောမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်စာပေချစ်သူများအဖွဲ့က စာရေးဆရာ ဒေါက်တာခင်မောင်အေး (နှလုံး)၏ လူရယ်လို့ ဖြစ်လာလျှင် စာအုပ်စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ပုလောမြို့နယ် (Community Centre) ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

ငါ့သရောက်မြို့၌ (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်​ ကျောင်းသား၊ ကျောင်သူများအား ပုံတူပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားများ ပြုလုပ်

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြု ကြိုဆိုသည့်အနေဖြင့် ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ငါ့သရောက်မြို့(အ.ထ.က) ကျောင်းမှ ကျောင်းသား၊ ကျောင်သူများအား ပုံတူပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

မြိတ်မြို့နယ် ကဟန်းကျေးရွာရှိ လေဘေးသင့်အိမ်ထောင်စုအား ကယ်ဆယ်ရေးပစ္စည်းများ သွားရောက်ထောက်ပံ့

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ကဟန်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လုံးဝပျက်စီးသွားသောနေအိမ်(၁)လုံးရှိ အိမ်ထောင်စုအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ကယ်ဆယ်ရေးပစ္စည်းများကို ယမန်နေ့ညနေပိုင်းက သွားရောက်ထောက်ပံ့ခဲ့ကြကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်၊ အမှတ် (၃၀) အခြေခံပညာအထက်တန်းကျောင်းတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

(၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ် (၃၀) အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမဆောင်တွင် ကျင်းပပြုလုပ်ရာ အမှတ်(၃၀) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်‌ချောစုခိုင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား/ကျောင်းသူများ တက် ရောက်ကြသည်။

ပုလောမြို့နယ်၌  လေပြင်းဘေးသင့်နေအိမ်အား ထောက်ပံ့ငွေနှင့် ပစ္စည်းများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ပလမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းဘေးသင့် ပြိုကျခဲ့သည့်နေအိမ်(၁)လုံးအား ပုလောမြို့နယ်ဘေး အန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့ ညနေ ၃ နာရီခွဲ၌  ထောက်ပံ့ငွေနှင့် ပစ္စည်းများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစုကျေးရွာ၊ ပရဟိတသင်တန်းကျောင်းတွင် အခြေခံအပ်ချုပ်စက် သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာတွင် အခြေခံအပ်ချုပ်စက် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါကျေးရွာရှိ ပရဟိတသင်တန်းကျောင်း၌ ကျင်းပသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး၊ အိမ်ထောင်စုနှင့် လူဦးရေစာရင်းများ ကောက်ယူပြုစုခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

မွန်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ပြည်နယ် အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ တွင် ကျင်းပရာ ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်း တက်ရောက်ခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ညှိနှိုင်းဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ  ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မန်တုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမတွင်(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲဆောင်ရွက်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ ယနေ့နံနက်ပိုင်းအချိန်က (၇၅)နှစ်မြောက် အာဇာနည်နေ့ဟောပြောပွဲကို ပြုလုပ်ကျင်းပခဲ့သည်။

ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့၌ မြို့တွင်းလမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်အတွင်း မြို့အင်္ဂါရပ်နှင့် အညီ သန့်ရှင်းသာယာရေး၊ သွားလာမှုလွယ်ကူလျင်မြန်ပြီး ယာဉ်အန္တရာယ် ကင်းဝေးရေးအတွက် စည်ပင်သာယာရေးအဖွဲ့မှ လမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့် အတူ ယမန်နေ့ ညနေ ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
Subscribe to