စဉ့်ကိုင်မြို့နယ် တောမအခြေခံပညာအလယ်တန်းကျောင်းခွဲတွင် (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်၊ နံရံကပ်စာစောင် ဓာတ်ပုံပြပွဲကျင်းပ

စဉ့်ကိုင် ဇူလိုင် ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိဒေါ်၀င်း၀င်းသန်းနှင့်  ၀န်ထမ်းများက  (၇၅)   နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်၊ နံရံကပ်စာစောင် ဓာတ်ပုံပြပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီက တောမကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲတွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ တောမအခြေခံပညာအလယ်တန်းကျောင်းခွဲမှ  ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်၀င်း၀င်းသန်း (ဦးစီးအရာရှိ)  က ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်ချက်များနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်းကို ဟောပြောခဲ့သည်။

ဆက်လက်၍ ဒေါ်စန္ဒာအေးအောင် (ဒုတိယဦးစီးမှူး) က စာပေဖတ်ရှုခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများ၊  အသိပညာ၊   ဗဟုသုတများ တိုးတက်စေပြီး အမှား၊ အမှန်ကိုလည်း ခွဲခြားတတ်စေမှာဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊   ကြက်ခြေနီသူနာပြုတပ်ဖွဲ့၀င်များ၊ ကျောင်းသား၊ ကျောင်းသူများက အာဇာနည် ခေါင်းဆောင်ကြီးများ၏ အကြောင်းအရာများနှင့် လွတ်လပ်ရေးကြိုးပမ်းမှု မှတ်တမ်းဓာတ်ပုံ၊ နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား ခင်းကျင်းပြသခဲ့ရာ ကျောင်းအုပ်ဆရာမကြီးနှင့်  ဆရာမများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၀င်များ၊ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)