ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမတွင် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲ ကျင်းပ

ဓနုဖြူ ဇူလိုင် ၁၅

ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Center) ခန်းမတွင် (၇၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင် ပြသခြင်းနှင့် စာအုပ်ပြပွဲကို ယနေ့ နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့​သည်။

အဆိုပါ ပြပွဲတွင် ဓနုဖြူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မေစိုးက အာဇာနည်နေ့ ဖြစ်ပေါ်လာပုံအား ရှင်းလင်းပြောကြားပြီး အာဇာနည် ပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိများ၊ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ၊ ဗိုလ်ချုပ်အောင်ဆန်း၏ လှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများ၊ ကဗျာများစသည့်တို့ကို နံရံကပ်စာစောင်များတွင် ခင်းကျင်းပြသ ထားရှိမှုအား ကျောင်းသား/သူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။

ဆက်လက်၍ ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိစေရန်နှင့် စာပေနှင့်ရင်းနှီး ကျွမ်းဝင် စေရန်ရည်ရွယ်၍ မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ သုတ၊ ရသ စာအုပ်များအား ခင်းကျင်း ပြသခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)