မိုင်းခုတ်မြို့၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲ ကျင်းပ

မိုင်းခုတ် ဇူလိုင် ၁၅

ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက ''အာဇာနည်နေ့ဒို့မမေ့''ခေါင်းစဉ်ဖြင့် အာဇာနည်၏ အဓိပ္ပာယ်၊ မြန်မာတစ်မျိုးသားလုံးလွတ်လပ်ရေးရရှိရေး၊ အများ ပြည်သူကောင်းစားရေးအတွက် အားကြိုးမာန်တက်ဆောင်ရွက်ခဲ့ကြသော မြန်မာ့မျိုးချစ်ပုဂ္ဂိုလ်ကြီးများအနက် ထင်ရှားသောအာဇာနည်ပုဂ္ဂိုလ်(၉)ဦး လုပ်ကြံခံရမှုအအခြေအနေများ၊ လုပ်ကြံခံရသဖြင့် ကျဆုံးခဲ့ရ သော ဇူလိုင်လ(၁၉)ရက်နေ့ကို အာဇာနည်နေ့အ‌ဖြစ်သတ်မှတ်ကာ အာဇာနည်ပုဂ္ဂိုလ်ကြီးများ၏ အကျင့်စာရိတ္တ၊ သတ္တိနှင့်တကွ စံထားအတုယူထိုက်သော ပရဟိတစိတ်ဓာတ်များကို လေးစာဂုဏ်ပြုသောအားဖြင့် အာဇာနည်နေ့အခမ်းအနားပွဲတော်များကို နှစ်စဉ်ကျင်းပသင့်ကြောင်းနှင့် အာဇာနည်နေ့ကို မမေ့သင့်ကြောင်း စသည့်အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ခင်းကျင်းပြသထားသော အသိပညာပေးစာအုပ်၊ စာစောင်များအား တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)