ရွှေကျင်မြို့တွင် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ “နေ့သစ်တိုင်းဟာ အောင်မြင်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ

ရွှေကျင် ဇူလိုင် ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီ က စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ “နေ့သစ်တိုင်းဟာ အောင်မြင်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဲစုအောင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ အကျိုးကျေးဇူး၊ ရည်ရွယ်ချက်များနှင့် စာအုပ်၏ အမှာစာကို ဖတ်ကြားပြီး (Book Club) အဖွဲ့ဝင် ဦးဇင်သူရိန်ဝင်းက စာအုပ်ခေါင်းစဉ်နှင့် ပတ်သက်၍လည်းကောင်း၊  (Women Club) အဖွဲ့ဝင် ဒေါ်‌ထွေးကြည်က “နေ့သစ်တိုင်းဟာ အောင်မြင်ခြင်း” အခန်းကိုလည်းကောင်း၊ စာပေဝါသနာရှင် ဦးရဲမင်းက စာအုပ်တွင်ပါရှိသော “သတိရှိကြစေချင်” အခန်းကိုလည်းကောင်း အသီးသီးဆွေးနွေး ခဲ့ကြရာ တက်ရောက်လာသူများမှစာအုပ်၏ အနှစ်သာရများနှင့် လေ့လာမှတ်သားစရာများကို ချပြဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ခြင်းဖြင့် စာဖတ်သူများအနေဖြင့် စာရေးဆရာများ၏ အတွေ့အကြုံများ၊ အသိပညာတို့ကိုရရှိ‌ စေသည့်အပြင် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်း ပိုမိုသိရှိနားလည်လာကာ စာဖတ်နှုန်းများ တိုးတက်လာစေရန် ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)