ရန်ကုန် ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ကျောင်း သူများ စာပေမှရရှိသည့် ဗဟုသုတများစွာ ရရှိစေရန်၊ စာပေကို လက်ဝယ်အရောက် ဖတ်ရှု့နိုင်စေရန်နှင့် စာပေကို ပိုမိုဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် သုတ/ရသ စသည့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန် က ငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့သည်။
ငှားရမ်းပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)ရုံးရှိ ဝန်ထမ်းများက စာအုပ်များ ငှားရမ်းသည့် စာဖတ်ပရိသတ်များအား ယခင်ငှားရမ်းထားသော စာအုပ်များအား ပြန်လည်သိမ်းဆည်ပြီး အသစ်ပြန်လည် ငှားရမ်းပေးခဲ့သည်။ ထိုသို့ သုတ၊ရသစာသည့် စာအုပ်၊စာစောင်များ ငှားရမ်းပေးခြင်းကို အင်းစိန်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့် ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် အလှည့်ကျသွားရောက်၍ အခမဲ့ ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)ရုံးအနေဖြင့် ပြည်သူများအား အသိပညာဗဟုသုတများစွာ ရရှိစေရန်အတွက် ကိုဗစ်−၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း Talk Show များ၊ ဟောပြောပွဲများနှင့် ကလေးများအတွက် ပုံပြင်များကိုလည်း Online မှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)