စလင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပြိုင်ပွဲများ ကျင်းပ ပြုလုပ်

စလင်း ဇူလိုင် ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာ့ရတနာကျောင်းဆောင်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်း အမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲများကို ယမန်နေ့ နေ့လည် ၁နာရီ ၃၀မိနစ် အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

စလင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ သမိုင်းပုံရိပ်များ၊ အတ္ထုပ္ပတ္တိများ၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့် အနာဂါတ် သားကောင်းရတနာများ၊ ကျောင်းသား၊ ကျောင်းသူကလေးများ ပေါ်ထွန်းလာစေရေးအတွက် အသိပညာပေးခြင်းဖြစ်ပြီး အဆိုပါပြိုင်ပွဲတွင် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်း အဆင့်တို့ ခွဲခြား၍ ကဗျာတွင် အာဇာနည်နေ့တို့မမေ့ခေါင်းစဉ်၊ စာစီစာကုံးပြိုင်ပွဲတွင် တစ်ဆယ့်ကိုးဇူလိုင် ဒို့မမေ့နိုင်နှင့်၊ ဆောင်းပါးပြိုင်ပွဲတွင် အာဇာနည်နေ့မှ ပေးသော မျိုးချစ်စိတ်ဓာတ်ခေါင်းစဉ်ဖြင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူ (၆၉) ဦး ဝင်ရောက် ယှဉ်ပြိုင်ကြပြီး ဆရာ/ဆရာမများက ဆုရွေးချယ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုဆုများကို အာဇာနည်နေ့ အခမ်းအနားတွင် ဆုပေးသွား မည်ဖြစ်ကြောင်း သိရသည်။

မောင်လွင်(စလင်း)