ကမမောင်းမြို့တွင်   ကျောင်းသား/ကျောင်းသူများ  ကာယဉာဏ ဖွံ့ဖြိုးစေရန်အတွက်  အားကစားလှုပ်ရှားမှုပြိုင်ပွဲများ ကျင်းပ

ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ကမမောင်းမြို့တွင် ကျောင်းသား/ကျောင်းသူများ ကာယဉာဏဖွံ့ဖြိုးစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြင့်မားလာစေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍  အားကစားလှုပ်ရှားမှု ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကမ‌မောင်းမြို့လူထုအခြေပြုဗဟိုဌာန  (CommunityCentre) ခန်းမ၌    ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းကိုင်မြို့နယ်၌ အများပြည်သူ အသိပညာဗဟုသုတတိုးပွားစေရန် စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း အများပြည်သူအသိပညာဗဟုသုတ တိုးပွားစေရန်အတွက် နယ်မြေခံတပ်မှ တာဝန်ရှိသူများနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းတစ်ရပ်ကို ယနေ့ မနက် ၁၀ နာရီက မိုင်းကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ကျင်းပ ပြုလုပ်ခဲ့သည်။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ မြို့မဂိုဏ်းချုပ်ကျောင်းတိုက်တွင် တရားစခန်းပွဲ ဖွင့်ပွဲကျင်းပပြုလုပ်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ မြို့မဂိုဏ်းချုပ်ကျောင်းတိုက် သာသနာဟိတ ကာရီကျောင်းဆောင်အပေါ်ထပ်တွင် နှစ်စဉ်ကျင်းပသည့် ဝါတွင်း(၃)လ

သရက်မြို့၌  အခမ်းနားမှူး သင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး သရက်မြို့၌ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အခမ်းနားမှူးသင်တန်းကို ယမန်နေ့ နံနက် (၁၀)နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်ပခဲ့သည်။

(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ၂၀၂၂ ခုနှစ် ဇူလှိုင်လ(၁၉)ရက်တွင်ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယနေ့နံနက်(၉)နာရီအချိန်မှ စတင်ကာပြုလုပ်ခဲ့ကြောင်း သိရသည်။

မလှိုင်မြို့တွင် အိမ်ထောင်စုလူဦးရေပုံစံ(၆၆/၆)နှင့် နိုင်ငံသားကတ်ထုတ်ပေးခြင်း စာရင်းမှတ်တမ်း အချက်လက်များ ကွန်ပျူတာအတွင်း ထည့်သွင်းခြင်း လုပ်ငန်းဆွေးနွေးပွဲကျင်းပ

မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ အိမ်ထောင်စုလူဦးရေပုံစံ (၆၆/၆)နှင့် နိုင်ငံသားကတ်ထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ်(နိုင်-၄)ရှိ စာရင်းမှတ်တမ်းအချက် အလက်များကို နည်းပညာ၊ စက်ကိရိယာများအသုံးပြု၍ ကွန်ပျူတာအတွင်း ထည့်သွင်းဆောင်ရွက်ခြင်း လုပ်ငန်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်(၁၁)နာရီအချိန်ကကျင်းပခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြို့၌  တိရိစ္ဆာန်များအား ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း ရက်သတ္တပတ်လှုပ်ရှားမှုများ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရိစ္ဆာန်များအား ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ရက်သတ္တပတ်လှုပ်ရှားဆောင်ရွက်မှုကို ယနေ့နံနက်ပိုင်း (၁၀)နာရီအချိန် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်

ကျောက်ဆည်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဝန်ထမ်းများ စုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရားခန်းမတွင် ယနေ့ နံနက်(၅)နာရီခွဲအချိန်က ဝန်ထမ်းများ စုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဖြူမြို့ ဒေသခံပြည်သူများအား လေထုအရည်အသွေးအခြေအနေကို သိရှိနိုင်စေရေး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လေထုတိုင်းတာစစ်ဆေးခြင်းများဆောင်ရွက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ဒေသခံပြည်သူများအား ကျောက်ဖြူမြို့၏ လေထုအရည်အသွေးအခြေအနေများကို သိရှိနိုင်စေရန်၊ ကျန်းမာရေးအပေါ်ထိခိုက်နိုင်မှု ရှိ/မရှိ သိရှိနိုင်စေရန်နှင့် ထိခိုက်နိုင်မှု အားလျော့နည်းစေရေး နည်းလမ်းများဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက ကျောက်ဖြူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က တိုးချဲ့ရပ်ကွက်ရှိ ဘိုးဘွားရိပ်သာအနီးတွင် ဝန်းကျင်လေထုအရည်အသွေးအား တိုင်းတာစစ်ဆေးခဲ့သည်။

ကော့ကရိတ်မြို့နယ်အတွင်းရှိ စာကြည့်တိုက်များအတွက် ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ စာအုပ်များလှူဒါန်း

ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့သည် ကော့ကရိတ်မြို့နယ်အတွင်းရှိ စာကြည့်တိုက်များအတွက် သုတရသစာအုပ်များ လာရောက်လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၈ နာရီချိန်က ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန community centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to