(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကျင်းပ

ဝမ်းတွင်း ဇူလှိုင် ၁၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ၂၀၂၂ ခုနှစ် ဇူလှိုင်လ(၁၉)ရက်တွင်ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယနေ့နံနက်(၉)နာရီအချိန်မှ စတင်ကာပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်မူမြစောမှ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပြပွဲပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဦးတင်လှိုင်(စာကြည့်တိုက်မှူး)မှ အာဇာနည်နေ့အကြောင်း သိကောင်းစရာ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္တုပတ္တိများအကြောင်း၊ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မှတ်တမ်းပုံများနှင့် သိကောင်းစရာများ၊ ကိုးဦးဇာနည်လက်ချိုးသီ အစရှိသည်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့နောက် ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသော ဗိုလ်ချုပ်အောင်ဆန်း၏မှတ်တမ်းဓါတ်ပုံများ၊ အာဇာနည်(၉)ဦး၏ အတ္တုပတ္တိမှတ်တမ်းများ၊ စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)