လိပ်သိုမြို့တွင် ရေလှောင်ကန်(၃)လုံး တည်ဆောက်ပြီးစီး၍ သောက်သုံးရေ ဖြန့်ဖြူးရာတွင် ယခင်ကထက် ပိုမိုအဆင်ပြေ

ကရင်ပြည်နယ် ဘားအံခရိုင် လိပ်သိုမြို့ စည်ပင်သာယာရေးအဖွဲ့သည် လိပ်သိုမြို့တွင်း ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်လျက်ရှိသော သောက်သုံးရေလှောင်ကန် (၃)လုံးအား တည်ဆောက်ပြီးစီးခဲ့ပြီးဖြစ်၍ ရေဖြန့်ဖြူးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ယခင် ကထက် ပိုမိုလွယ်ကူအဆင်ပြေ

ခါမ်းပါတ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် အာဇာနည်နေ့အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ၂၀၂၂ခု နှစ်၊ ဇူလိုင်လ( ၁၇) ရက်နေ့၊ နေ့လည် ( ၁း၀၀)နာရီအချိန်က (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သာယာဝတီမြို့နယ်၊ အုန်းပင်စုကျေးရွာတွင် ဒေသဖွံ့ဖြိုးရေး အသိပညာပေးကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက မဒေါ့ကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာသို့ ဒေသဖွံ့ဖြိုးရေးအသိပညာပေး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ အခြေခံပညာမူလတန်းကျောင်းတွင် (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီ ပြိုင်ပွဲများ ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ အခြေခံပညာမူလတန်းကျောင်းတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲ၊ ပန်းချီဆွဲပြိုင်ပွဲနှင့် ဟောပြောပွဲများ ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းလှ၌ Online System ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) များ Database သို့ ထည့်သွင်းခြင်း စတင်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ Online System ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) များ Database သို့ ထည့်သွင်းခြင်းကို ယနေ့ နံနက် ၉ နာရီခွဲချိန်က စတင်ဆောင်ရွက်ခဲ့သည်။

သရက်ချောင်းမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှအသက်(၁၈)နှစ်အထိ ကျောင်းသား/ကျောင်းသူများနှင့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ''ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြား နိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံကြပါစို့'' ဆိုသည့် ဆောင်ပုဒ်အတိုင်း နိုင်ငံတော်မှ အသက်(၅)နှစ်မှ (၁၈)နှစ်အထိ အခြေခံပညာ ကျောင်းများမှ ကျောင်းသား/ကျောင်းသူများအား (ဒုတိယ)အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉နာရီ အချိန်က သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်၊ နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲကို ဇူလိုင် ၁၈ ရက်နံနက် ၇ နာရီခွဲက ကျင်းပပြုလုပ်သည်။

နတ်တလင်းမြို့နယ်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၊ မြို့မအခြေခံပညာအထက်တန်းကျောင်းတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆ များအား Software Program ထည့်သွင်းခြင်းလုပ်ငန်း ဆင့်ပွားသင်တန်းအခမ်းအနား ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ လူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကွမ်းခြံကုန်းမြို့နယ် ဦးစီးမှူးရုံး၏ ရုံးလက်ခံအိမ်ထောင်စု လူဦးရေစာရင်းပုံစံ ၆၆/၆ များအား Software Program ထည့်သွင်းချင်းလုပ်ငန်း ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မုဒုံမြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအိတ်ချုပ်နည်း သင်တန်းဆင်းပွဲကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအိတ်ချုပ်နည်း သင်တန်းဆင်းပွဲ  အခမ်းအနားကို  ယနေ့ နံနက် ၉ နာရီခွဲက ကျိုက်ကာကျေးရွာရှိ ကျိုက်မုကလယ်ဓမ္မာရုံ၌ ကျင်းပသည်။
Subscribe to