ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ မြို့မဂိုဏ်းချုပ်ကျောင်းတိုက်တွင် တရားစခန်းပွဲ ဖွင့်ပွဲကျင်းပပြုလုပ်

နမ့်ဆန် ဇူလိုင်  ၁၈

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ မြို့မဂိုဏ်းချုပ်ကျောင်းတိုက် သာသနာဟိတ ကာရီကျောင်းဆောင်အပေါ်ထပ်တွင် နှစ်စဉ်ကျင်းပသည့် ဝါတွင်း(၃)လ မိုးကုတ်ဝိပဿနာတရားစဉ်နှင့် လုပ်ငန်းစဉ်အချိန်ပိုင်း တရားစခန်းဖွင့်ပွဲကို ယမန်နေ့ ညနေပိုင်း(၆)နာရီအချိန်က ပြုလုပ်ခဲ့သည်။

အဆိုပါ တရားစခန်းပွဲတော်ကို ဆရာတော် ဦးဉာဏ္ဏိကမှ ဦးဆောင်၍ ဆုတ်ယုတ်ကြောင်း တရား(၅)ပါး ဖြစ်သော (၁)အိုလာချိန်ခါတရားရှာ ဘယ်ခါမဖြစ်ပေ(၂) နာလာချိန်ခါတရားရှာ ဘယ်ခါမဖြစ်ပေ(၃)အစာရှားခါ တရားရှာ ဘယ်ခါမဖြစ်ပေ(၅)သံဃာကွဲခါတရားရှာ ဘယ်ခါမဖြစ်ပေ တရားအား ဟောပြောခဲ့ရာ တရားလာရောက် အားထုတ်သူ(၈၂)ဦးခန့်ရှိပြီး အဆိုပါညနေပိုင်း တရားပွဲအား ရပ်ကွက်/ကျေးရွာအသီးသီး သက်ကြီးရွယ်အိုများတို့က လာရောက်တရားနာပြီး တရားအားထုတ်လျက်ရှိကြောင်း သိရသည်။

နမ့်ဆန်ဒေသပြန်/ဆက်