ဘိုကလေးမြို့နယ်တွင် အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲကျင်းပ

နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်းလာစေရေး၊ ကျောင်သား/သူ၊ လူငယ် လူရွယ်များအနေဖြင့် အားကစားစိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရေးတို့ကို ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်၌ ဘိုကလေးမြို့နယ်၊ ဟေမာန်ကျေးရွာအုပ်စုရှိ ဟေမာန် (အ.ထ.က)ကျောင်းအရောက် ကွင်းဆင်း၍ ကျောင်းသား/သူများအား အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့်အတူ အားကစားသရုပ်ပြမှုများ ဆောင်ရွက်ခဲ့သည်။

(၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရေးစပ်သီကုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

မွန်ပြည်နယ်  မော်လမြိုင်ခရိုင်  မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၂ ခုနှစ် ဇူလိုင် ၁၉ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရေးစပ်သီကုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မုဒုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

မိတ္ထီလာတက္ကသိုလ်၌ (၇၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာတက္ကသိုလ်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီအချိန်က အဆိုပါတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပကြောင်း သိရသည်။

ဘိုကလေးမြို့နယ်တွင် မိုးရာသီအမျိုးသားဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်နေ

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ခရိုင်၊ မြို့၊ ရွာမှစ၍ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်းလာစေရေးတို့ကို ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အောက်ပိုင်းဘောလုံးကွင်းတွင် ဇွန်(၂၁)ရက်နေ့မှစတင်၍ ၂၀၂၂ခုနှစ်၊ မိုးရာသီ ကွင်းဖွင့်ဖလား အသက်(၂၀)နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား စတင်ကျင်းပခဲ့ပြီး ယခုအချိန်တွင် ကွာတားဖိုင်နယ်ပွဲစဉ်များ အကြိတ်အနယ် ဆက်လက်ယှဉ်ပြိုင်လျက်ရှိသည်။

ရှမ်းရွာသစ်မြို့တွင် “စိုက်ပျိုးရေးနည်းလမ်းကောင်းများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် “စိုက်ပျိုးရေးနည်းလမ်းကောင်းများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ဝါဆိုသင်္ကန်း ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ မြို့မဂိုဏ်းချုပ်ကျောင်းတိုက်တွင် ဝါဆိုသင်္ကန်းကပ်လှူဒါန်းခြင်းအခမ်းအနားကို

လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာပေဝါသနာရှင်များနှင့် ကျောင်းသားကျောင်းသူများ ပူးပေါင်း၍ စာရေးဆရာ ထက်ကျော်၏ အရိပ်တွေကိုလိုက်ဖမ်းနေရင် အကောင်တွေ လွတ်သွားလိမ့်မယ် စာအုပ်မှ ” လူငယ်နှင့်ဘဝတန်ဖိုး ” ဆောင်းပါးအား စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

(၇၅)နှစ်မြောက် အာဇာနည်နေ့(အကြို) နံရံကပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်း‌ဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အိုင်ဝိုင်းကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်းတွင် ယနေ့ နံနက် (၁၀)နာရီအချိန်က (၇၅)နှစ်မြောက် အာဇာနည်နေ့(အကြို) နံရံကပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲအခမ်းအနားကို အခြေခံပညာ မူလတန်းကျောင်း စာသင်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်သည်။

ပြည်ကြီးတံခွန်မြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲများ ကျင်းပ

(၇၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီက ပြည်ကြီး တံခွန်မြို့နယ် အမှတ်(၂၇) အခြေခံပညာအထက်ကျောင်းရှိ အောင်တံခွန်ခန်းမ၌ ကျင်းပရာ မြို့နယ်ပညာရေးမှူး ဒေါ်နှင်းမူ၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးအောင်သန်းထွန်းနှင့် ကျောင်းအုပ်ဆရာကြီး ဒေါက်အောင်သက်ဆွေတို့က လိုက်လံကြည့်ရှုအားပေးသည်။

နတ်မောက်မြို့၌ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှုနှင့် ပြည်သူလူထုအသိပညာပေးပိုစတာများစိုက်ထူ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်အနေဖြင့် မွေးမြူရေးတိရစ္ဆာန်များတွင် ရောဂါဖြစ်ပွားကျရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်း၊ ပြည်သူလူထုအသိပညာပေး ပိုစတာကို ယမန်နေ့နံနက် (၉)နာရီက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးရှေ့တွင် မြို့နယ်ဦးစီးမှူး ဒေါက်တာခင်ခင်ပြည့်နှင့် ဝန်ထမ်းများ၊ ကျေးလက်ကျန်းမာရေးလုပ်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ စိုက်ထူခဲ့သည်။
Subscribe to