မလှိုင် ဇူလိုင် ၁၈
မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ အိမ်ထောင်စုလူဦးရေပုံစံ (၆၆/၆)နှင့် နိုင်ငံသားကတ်ထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ်(နိုင်-၄)ရှိ စာရင်းမှတ်တမ်းအချက် အလက်များကို နည်းပညာ၊ စက်ကိရိယာများအသုံးပြု၍ ကွန်ပျူတာအတွင်း ထည့်သွင်းဆောင်ရွက်ခြင်း လုပ်ငန်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်(၁၁)နာရီအချိန်ကကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲသို့ မိတ္ထီလာခရိုင်ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးဟန်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန(ခရိုင်ဦးစီးမှူး)ဒေါ်အုန်းသန်း၊ ခရိုင်ရွေးကောက်ပွဲအရာရှိ ဒေါ်ခိုင်ခိုင်နွယ်တို့ တက်ရောက်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က စီမံချက်ကာလအား (၁၈.၇.၂၀၂၂)ရက်နေ့မှ (၁၈.၈.၂၀၂၂) ရက်နေ့အထိ (၁)လသာ သတ်မှတ်ထားရှိပါကြောင်း၊ စီမံချက်ရာနှုန်းပြည့်ပြီးစီးပါက မြေပြင်လူဦးရေစာရင်းနှင့် မဲစာရင်းမှန်ကန်မှုရှိခြင်း၊ e-ID စနစ်ကို အထောက်အကူပြုခြင်း၊ နိုင်ငံသားခြားစာရင်းသိရှိနိုင်ခြင်း၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင်များစွာ အထောက်အကူပြုသည့်အတွက် စီမံချက်အောင်မြင်ရန် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များက အင်တိုက်အားတိုက် ကူညီပံ့ပိုးဆောင်ရွက်ရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် အိမ်ထောင်စုပုံစံ(၆၆/၆)တို့အား Data Base အတွင်းသို့ ထည့်သွင်းနည်း လုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ ပါဝါပွိုင့်ဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့အပြင် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသိန်းဟန်က စီမံချက်၏ ရည်ရွယ် ချက်များကို ရှင်းလင်းပြီးနောက် မလှိုင်မြို့နယ်တွင် အိမ်ထောင်စုပုံစံ(၆၆/၆)ပေါင်း (၄၁၁၂၉)ခု ထုတ်ပေးထားရှိပြီး စီမံချက်ကာလ(၁)လအဖြစ် သတ်မှတ်ထားရှိပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကွန်ပျူတာ(၁၀)လုံးဖြင့်ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များ၏ သိရှိလိုသည့်မေးမြန်းမှုအပေါ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ၊ မြို့နယ်ဦးစီးမှူး ဦးသိန်းဟန်တို့က ရှင်းလင်းဖြေကြားခဲ့သည်။
ဆွေးနွေးပွဲသို့ ခရိုင်အဆင့်(၃)ဦး၊ မြို့နယ်အဆင့်(၃)ဦး၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်း(၁၁၂)ဦး၊ စုစုပေါင်း (၁၁၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)