(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ် စာစောင်ပြပွဲ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အသိပညာပေး ဟောပြောပွဲ ပြုလုပ်
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သု့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီက (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အာဇာနည်နေ့အကြောင်း ဟောပြောပွဲကို မြတ်လေးဆောင်နှင့် ကံ့ကော်ဆောင်ခန်းမ တို့တွင် ပြုလုပ်ခဲ့သည်။