ရေဦး ဇူလိုင် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သု့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီက (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အာဇာနည်နေ့အကြောင်း ဟောပြောပွဲကို မြတ်လေးဆောင်နှင့် ကံ့ကော်ဆောင်ခန်းမ တို့တွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခြေခံပညာမူလတန်းအဆင့် အာဇာနည်နေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲကို မြတ်လေးဆောင်တွင် ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၂၀ ဦး ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သု့ဆက်ဆံရေးဦးစီးဌာနက ပြိုင်ပွဲ၀င် ကျောင်းသား၊ ကျောင်းသူလေးများအား အမှတ်တရလက်ဆောင်အဖြစ် ဗလာစာအုပ်များ ပေးဝေခဲ့ကြသည်။ ဆက်လက်၍ အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲကို ကံ့ကော်ဆောင်ခန်းမတွင် ပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲနောင်ချစ်က အာဇာနည်ပုဂ္ဂိုလ်ကြီး ၉ ဦး၏ အတ္ထုပ္ပတ္တိနှင့် မြန်မာနိုင်ငံလွတ်လပ်ရေးရသည်အထိ ကိုယ့်ကျိုးမဖက် တိုင်းပြည်အတွက် စွန့်လွှတ် အနစ်နာခံကာ ဆောင်ရွက်ခဲ့ပုံ၊ တိုင်းရင်းသားအားလုံး သွေးမကွဲစေဘဲ စည်းလုံးညီညွတ်လာသည်အထိ ကြိုးစားခဲ့ပုံ စသည့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကိုလည်းကောင်း၊ ဒုဦးစီးမှု ဒေါ်ခင်ဆွေ၀င်းက စာအုပ်ပြပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကိုလည်းကောင်း အသီးသီး ဟောပြောခဲ့ကြသည်။
သန်းသန်း (ပြန်/ဆက်)