တောင်သာ ဇူလိုင် ၁၈
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ကျွဲ၊ နွား အရေပြား၊ အကျိတ်ရောဂါအကြောင်း ရက်သတ္တပတ်လှုပ်ရှားမှုများကို ဇူလိုင်လ(၁၇)ရက် နံနက်(၉)နာရီအချိန်က တမိုက်သာကျေးရွာအုပ်စု၊ တမိုက်သာကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက မွေးမြူရေးတိရစ္ဆာန်များတွင် ရောဂါဖြစ်ပွားကျရောက်ခြင်းမှ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရောဂါဖြစ်ပွားကျရောက်ခြင်းမှ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရက်သတ္တပတ်လှုပ်ရှားမှုများကို ဇူလိုင်လ (၁၆)ရက်နေ့မှစတင်၍ လှုပ်ရှားဆောင်ရွက်လျက်ရှိရာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိက မွေးမြူရေးတိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သည့် ခွာနာ၊ လျှာနာရောဂါ၊ အရေပြားအကျိတ်နာရောဂါနှင့် အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ၊ တိရစ္ဆာန်ကူးစက်ရောဂါလက္ခဏာများအား စူးစမ်းထောက်လှမ်းခြင်း၊ နမူနာကောက်ယူခြင်းနှင့် ဓာတ်ခွဲခန်းသို့ပေးပို့ခြင်းလုပ်ငန်းအသေးစိတ်များအား အသိပညာပေးဟောပြောပြီး တိရစ္ဆာန်ကျန်းမာရေးလက်ကမ်းစာစောင်(၁၀၀)စောင်ကို ပြည်သူများ လက်ဝယ်သို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် ဇီဝလုံခြုံမှုလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ကျွဲ၊ နွား၊ ပေါင်ပုတ်၊ လက်ပုတ်ရောဂါကာကွယ်ဆေးကို ကျွဲ၊ နွား(၄၅၀)ကောင်အား ထိုးနှံပေးခြင်း စသည့် ရက်သတ္တပတ်အတွင်း ဆောင်ရွက်ပေးလျက်ရှိပြီး ဆက်လက်၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာသဇင်ခိုင်ဝင်းနှင့် ဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)