တမူးမြို့တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

တမူး ဇူလိုင် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ဇူလိုင်လ (၁၈) ရက်နေ့ နံနက် (၉)နာရီက တမူးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပ​ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် အခြေခံပညာအလယ်တန်းအဆင့်၌ အာဇာနည်နေ့ တို့မမေ့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အခြေခံပညာအထက်တန်းအဆင့်၌  ဦးညွှတ်ထိုက်သည် အာဇာနည် ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးယ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ရတနာ