တံတားမြို၊ အမှတ် (၂) ရပ်ကွက်တွင် တိုင်းရင်းဆေးကုသဌာနမှ ပြည်သူများအားအခမဲ့ ကျန်းမာရေးစောင့်ရှောက်ပေးမှု

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ အမှတ် (၂) ရပ်ကွက်တွင် တိုင်းရင်းဆေးကုသဌာနမှ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးမှုကို ယနေ့ နံနက်(၈)နာရီအချိန်က အခမဲ့ဆောင်ရွက် ပေးခဲ့သည်။

တနိုင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာဖတ်စွမ်းရည် ပြိုင်ပွဲ၊ စာအုပ်ပြပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ နံရံကပ်ပြပွဲ၊ ဟောပြောပွဲနှင့် ဆုပေးပွဲ ကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာဖတ်စွမ်းရည် ပြိုင်ပွဲ၊ စာအုပ်ပြပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ နံရံကပ်ပြပွဲ၊ ဟောပြောပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက် (၁၀)နာရီခွဲတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး Mask များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် လူစည်ကားရာနေရာများနှင့် လမ်းမကြီးတို့၌ Mask များ အခမဲ့ဖြန့်ဝေခြင်းနှင့် ကိုဗစ်-၁၉ရောဂါ အိုမီခရွန်နှင့်၎င်း၏ မျိုးစိတ်သစ်များ ကူးစက်ပျံ့ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းတို့ကို ဌာနဆိုင်ရာများ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲက လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

လွိုင်လင်မြို့ (Community centre)ခန်းမ၌(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့နေ့လည် (၂) အချိန်က (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်

လယ်ဝေးမြို့နယ်အတွင်း (၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသားကျောင်းသူ(၃၁၃၀၅)ဦး အား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် (၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသားကျောင်းသူများအား ယနေ့နံနက်ပိုင်းက ဆေးထိုးစုရပ်များတွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိပြီး ဇူလိုင် (၁၇)ရက်နေ့အထိ ကျောင်းသားကျောင်းသူ(၃၁၃၀၅)ဦးအား ထိုးနှံပေးပြီးကြောင်း သိရသည်။

ပုသိမ်မြို့တွင် အိမ်တွင်းလျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ကျင်းပပြုလုပ်သော ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးရေးလုပ်ငန်းကော်မတီ၏ အိမ်တွင်းလျှပ်စစ်သွယ်တန်း တပ်ဆင် ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ပုသိမ်မြို့၊ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်းတွင် ယနေ့ နံနက် (၁၀)နာရီအချိန်၌ ကျင်းပပြုလုပ်သည်။

ရေးမြို့နယ်တွင် တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းနှင့် အရေးအပေါ် တုံ့ပြန်မှုဆိုင်ရာ ရက်သတ္တပတ် လှုပ်ရှားမှု ကွင်းဆင်း ဆောင်ရွက်

မွန်ပြည်နယ်၊ ရေးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်း ချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှု ရက်သတ္တပတ် အစီအစဉ်ဖြင့် ယနေ့ နံနက်ပိုင်းက အစင်စံပြကျေးရွာသို့ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းထွဋ်အောင်မှ ကာကွယ်ဆေးထိုးနှံပေး ခြင်းလုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် အထက်တန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင်ရုံးတွင် (၇၅) နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အာဇာနည်ပုဂ္ဂိုလ်များအကြောင်း နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် အထက်တန်းအဆင့် ကဗျာရွတ်ဆို ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ဆီဆိုင်မြို့ လူထုအခြေပြုဗဟိုဌာနတွင် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ဆုချီးမြှင့်ပွဲ၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် စာအုပ်စာစောင်များခင်းကျင်းပြသ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၅) နှစ်မြောက် အသိပညာပေးဟောပြောပွဲ၊ ဆုချီးမြှင့်ပွဲ၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် စာအုပ်စာစောင်များ ခင်းကျင်းပြခြင်းကို ယနေ့မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့သည်။
Subscribe to