မိုင်းယုမြို့၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်ပြပွဲပြုလုပ်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်ပြပွဲအခမ်းအနားကို

ကဝမြို့နယ်၌ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီက အမှတ် (၁) မူလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မတ္တရာမြို့နယ်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပြိုင်ပွဲများ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် မြို့နယ်စီမံအု်ပချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပခဲ့သော (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ပုံတူပန်းချီနှင့် ကဗျာရွတ်ပြိုင်ပွဲများမှ ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုဗဟိုပြုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

သီပေါမြို့နယ်တွင် နေကြာမျိုးစေ့ထုတ်လုပ်ခြင်းနည်းပညာပေးသင်တန်းနှင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထယ်ထိုးမြေမြှုပ်ခြင်းကွင်းသရုပ်ပြပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြို့ဟောင်းကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာန၏ သီပေါဥယျာဉ်ခြံ တွင် ယမန်နေ့ နံနက်(၉)နာရီအချိန်က နေကြာမျိုးစေ့ထုတ်လုပ်ခြင်း နည်းပညာသင်တန်းပေးခြင်းနှင့်

ဝေါမြို့၌ (၇၅)နှစ်မြောက်၊ အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ပန်းချီ ပြိုင်ပွဲများ၊ နံရံကပ် စာစောင်ပြသ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့၌ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ နံရံကပ်စာစောင်ပြသခြင်းတို့ကို ယနေ့ နံနက်(၁၀)နာရီခွဲ အချိန်က အ.ထ.က (ဝေါ) သီရိဇေယျာခန်းမတွင် ကျင်းပပြုလုပ်ရာ ကျောင်းသား/ကျောင်းသူများ ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနတွင် စစ်တုရင်နှင့် Scrabble ပြိုင်ပွဲများဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအား အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ပိုမိုတိုးတက်မြင့်မားလာစေရန်၊

လူထုအခြေပြုဗဟိုဌာန Community Centre (တောင်ကြီး) ဖွင့်ပွဲ အခမ်းအနားအောင်မြင်စွာ ပြီး‌စီးဆောင်ရွက်နိုင်ရေး လုပ်ငန်းကြိုတင်ညှိနှိုင်း အစည်းအဝေးကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ဖွင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပပြီးစီး ဆောင်ရွက်သွားနိုင်ရေးအတွက် ရှမ်းပြည်နယ်ဦးစီးမှူးဦးစိုးညွန့်ရွှေသည် တာဝန်ကျဝန်ထမ်းများနှင့်တွေ့ဆုံ၍ အကြိုလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရေး လုပ်ငန်းညှိနိုင်းအစည်းအဝေးကို ယနေ့နံနက် ၈နာရီခွဲက အဆိုပါအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကျိုက်ဒုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ဆောင်ရွက်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယနေ့ မွန်းတည့် ၁၂ နာရီက ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်းသိရသည်။

အင်းစိန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အာဇာနည်နေ့အကြောင်း သိကောင်းစရာများ ရရှိနိုင်စေရန် ရည်ရွယ်၍ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် (၁၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to