ဝမ်းတွင်းမြို့နယ်တွင် “တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှု” အဖြစ် အသိပညာပေး ဟောပြောပွဲကျင်းပ

ဝမ်းတွင်း ဇူလှိုင် ၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ “တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှု” အဖြစ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့က သဘွတ်ကုန်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမေဖြိုးချစ်မှ ရာသီဥတုအကူးအပြောင်း၌ တိရစ္ဆာန်များတွင် ကူးစက်ရောဂါ ဖြစ်ပွားမှုလျော့နည်းစေရန်၊ ရာသီဥတုအပြောင်းအလဲကြောင့် တိရစ္ဆာန်များတွင် ဖြစ်ပွားလေ့ ရှိသောရောဂါ ဆိုင်ရာသိကောင်းစရာများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး “တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ်” အဖြစ် သက်မှတ်၍ ခွာနာလျှာာ ရောဂါ၊ ဒေါင့်သန်းရောဂါနှင့် ပေါင်ပုပ်လက်ပုပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းဆိုင်ရာ သိကောင်းစရာများ၊ ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်ဆေးထိုးနှံခြင်းနှင့် ပတ်သက်၍ အသိပညာပေးခြင်းများကို  ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ “တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ်” အဖြစ် အသိပညာပေးဟောပြောပွဲကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမေဖြိုးချစ်နှင့် ဝန်ထမ်းများ၊ သဘွတ်ကုန်းကျေးရွာမှ မွေးမြူသူတောင်သူ (၄၁) ဦး တက်ရောက်ခဲ့ကြပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)