ကွန်ဟိန်းမြို့၌ တိရစ္ဆာန် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ်ဆောင်ရွက်

ကွန်ဟိန်း ဇူလိုင် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၁၁.၇.၂၀၂၂ ရက်  နေ့ မှ ၁၇.၇.၂၀၂၂ ရက်နေ့အထိ တိရစ္ဆာန် ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ခြင်းဆိုင်ရာလှုပ်ရှားမှုအား ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

အဆိုပါဆောင်ရွက်ခြင်းတွင် တိရစ္ဆာန် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်း ရက်သတ္တပတ်အဖြစ် ကျွဲ၊ နွား၊ ဝက်များအား ကူးစက်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း အသိပညာပေး ဗီနိုင်းပိုစတာများစိုက်ထူခြင်း၊ သိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာထိန်မင်းထံမှ သိရသည်။

 မြို့နယ်(ပြန်/ဆက်)