ပလောက်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ပလောက်တိုက်နယ်ကျန်းမာရေးဌာနက ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အ.ထ.က(ပလောက်)ကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)တွင် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ် ဆက်လက်ထိုးနှံ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ်မထိုးနှံရသူများနှင့် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့တွင် တိရစ္ဆာန်ကျန်းမာရေးလုပ်သားသင်တန်းဆင်းပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန်မြို့များတွင် တိရစ္ဆာန်ကျန်းမာရေးလုပ်သားများ ပေါ်ထွန်းစေရေးအတွက် တိရစ္ဆာန်ကျန်းမာရေးလုပ်သား သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်က မြင်းခြံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။

ကလေးဝမြို့တွင် (၇၅) နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် ဓာတ်ပုံပြပွဲ ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ဇူလိုင် ၁၉ ရက်နေ့၌ ကျရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဓာတ်ပုံပြပွဲကို ယနေ့နံနက်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်းအတွင်း၌ ပြုလုပ်ခဲ့သည်။

ကြည့်မြင်တိုင်မြို့နယ်၌ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟော‌ပြောပွဲကို ယနေ့ နံနက်(၁၁:၃၀)နာရီအချိန်က ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ စက်ရုံအလုပ်သမားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံ

ရန်ကုန်တိုင်း​​ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊‌ တောင်ဥက္ကလာပမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရေးအတွက် အသက်(၁၈)နှစ်နှင့်အထက် စက်ရုံအလုပ်သမား များနှင့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ  First dose ၊  Second Dose နှင့် Booster ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနနှင့် GREEN GOLD INDUSTRY(GGI)( PPW )Pa Pa Wadi သစ်အချောထည်စက်ရုံတို့၌ ဆက်လက်ထိုးနှံဆောင်ရွက်ပေးကြောင်း သိရသည်။

ကျုံပျော်မြို့ အ-ထ-က(၁)တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

ကျောင်းသားလူငယ်များ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ အတ္ထုပ္ပတ္တိတို့ကို လက်ဆင့်ကမ်း သိရှိနိုင်စေရန်အတွက် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း၌ ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ငါးသိုင်းချောင်းမြို့၊ အ-မ-က၊ ဆိတ်ချေးကုန်းကျောင်း၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် (အကြို) ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ အ-မ-က၊ ဆိတ်ချေးကုန်းကျောင်း ၌ ယနေ့ မွန်းလွဲပိုင်းက မြန်မာနိုင်ငံ စာရေးဆရာအသင်း (ရေကြည်မြို့နယ်)နှင့် မြို့နယ်ပညာရေးဌာနတို့ ပူပေါင်း အစီအစဉ်ဖြင့် မြို့နယ်စာရေးဆရာ အသင်းဝင်များက (၇၅)နှစ်မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ် (အကြို) ဟောပြောပွဲ ကွင်းဆင်းဟောပြောကျင်းပခဲ့ကြောင်း သိရသည်။

အမှတ်(၁၅) အခြေခံပညာ မူလတန်းကျောင်းတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြိုင်ပွဲများကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ရန်ကင်းထောင်ရပ်ရှိ အမှတ်(၁၅) အခြေခံပညာမူလတန်းကျောင်းရှိ စာသင်ဆောင်ခန်းမအတွင်း (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာစီစာကုံး၊ကဗျာ၊ ပိုစတာ ပြိုင်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် ကျင်းပပြုလုပ်သည်။
Subscribe to