မင်းကင်း ဇူလိုင် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အမှတ် (၂) အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တို့ ပူးပေါင်းကာ (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ မင်းကင်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကျင်ငိုက်မန်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အမှတ်(၂) အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းသားကျောင်းသူ ၁၅ ဦးတို့က "အာဇာနည်နေ့ တို့မမေ့" ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ခဲ့သည်။
အဆိုပါပြိင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ကျင်ငိုက်မန်နှင့် မြို့မိမြို့ဖ ဦးမောင်မောင်အေးတို့ကဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့် ပေးခဲ့ကြောင်း သိရသည်။
လှငွေ