လဲချား ဇူလိုင် ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေမှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခေတ္တ မြို့နယ်ဦးစီးမှူး ဒေါ်နန်းစန္ဒာဝင်းမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)နှင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ကျေးရွာများဖြစ်သည့် ဟိုနောင်အွမ်ကျေးရွာ၊ နမ့်တုတ်ကျေးရွာ၊ နားမန်းကျေးရွာ၊ ဟဲဆိုင်ကျေးရွာနှင့် ဝမ်ပန်ကျေးရွာတို့အား နိုင်ငံတော်ထောက်ပံ့ငွေ တစ်ရွာလျှင် သိန်း(၁၀၀)ဖြင့် ကျေးရွာ(၅)ရွာတို့အား ထောက်ပံ့ငွေများကို တာဝန်ရှိသူများမှ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
လဲချား (မြို့နယ် ပြန်/ဆက်)