မိုင်းဆတ် ဇူလိုင် ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (Community center)ခန်းမတွင် ယမန်နေ့မွန်းတည့်(၁၂)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အနာဂတ်မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများစာပေဖတ်ရှုသည့် အလေ့အကျင့်များရရှိစေရန်၊ စာလုံးပေါင်းသတ်ပုံ မှန်ကန်မှုရှိစေရန်၊ ကျောင်းသင်ခန်းစာအပြင် စာပေဗဟုသုတနှင့် ပြည့်စုံသည့် မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများဖြစ်လာစေရန်၊ တီထွင်ကြံဆနိုင်သည့် ဉာဏ်ရည်များရရှိစေရန်၊ အကျိုးအကြောင်း၊ အကောင်းအဆိုးဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးခြင်းဖြစ် ကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲအား အခြေခံပညာအထက်ထန်းကျောင်း(မိုင်းဆတ်)မှ ကျောင်းသား၊ ကျောင်းသူ (၁၅)ဦး ပါဝင်ယှဉ်ပြိုင်ကြရာ ဆုရရှိသူများအား အမှတ်တရပစ္စည်းများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)