တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဖလား (၃)ခရိုင်စစ်တုရင်ပြိုင်ပွဲအား လူမှုရေးဝန်ကြီး ဦးယဉ်ထွေး ကြည့်ရှုအားပေးပြီး အားကစားသမားများအား တွေ့ဆုံ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ်စစ်တုရင် အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဖလား (၃)ခရိုင်စစ်တုရင် ပြိုင်ပွဲကို ခရိုင်အားကစားခန်းမတွင် ယမန်နေ့နံနက်ပိုင်းက စတင်၍ ကျင်းပလျက်ရှိသည်။