လှိုင်းဘွဲမြို့၌ ဒေသထွက်ရာသီစာသီးနှံများ ဝယ်ယူစားသုံးမှုများသဖြင့် ရှာဖွေရောင်းချသူများ အဆင်ပြေ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ထီလုံကြိုးဝိုင်း၊ ကျုံပကိုကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တောဧရိယာများ၌ မိုးရာသီအတွင်း သဘာဝထွက်ရှိသော တောင်ပို့မှို (ဖက်စွတ်မှို)၊ အင်ဥ၊ ဇရစ်၊ ဖလံတောင်ဝှေး၊ မျှစ်၊ ကောက်ကောက်ညွှန့်၊ ကဒက်ဥစသည့် ရာသီစာ သီးနှံများကို ရှာဖွေရောင်းချပေးနေကြသည့် ဒေသနေပြည်သူများမှ ဝင်ငွေအသင့်အတင့် ကောင်းမွန် လျက်ရှိကြကြောင်း သိရှိရသည်။

ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(အခြေခံ)သင်တန်းဆင်းပွဲ မုံရွာမြို့၌ ကျင်းပ

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန မုံရွာမြို့၌ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(အခြေခံ)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီအချိန်က အဆိုပါရုံး သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးနှင့် ဝန်ထမ်းများ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးလုပ်ငန်းများကို စိတ်ပါဝင်စားစွာဖြင့် ကိုယ်တိုင်လုပ်ကိုင်နေကြသော သင်တန်းသူ(၂၀)ဦး တက်ရောက်ခဲ့သည်။

မန္တလေးတက္ကသိုလ်၌ သင်ကြားစီမံဌာန‌ပေါင်းစုံမှ ဝန်ထမ်းသစ်များအား ကွန်ပျူတာသင်တန်းဖွင့်လှစ်ပွဲ ကျင်းပ

မန္တလေးတက္ကသိုလ်တွင် သင်ကြားစီမံဌာန‌ပေါင်းစုံမှ ဝန်ထမ်းသစ်များအား ကွန်ပျူတာသင်တန်းဖွင့်လှစ်ပွဲကို ယမန်နေ့ညနေ(၄) နာရီအချိန်က မန္တလေးတက္ကသိုလ် (၄)ထပ်ဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆဒုံးမြို့ လူထုအခြေပြုဗဟိုဌာန၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေး (TALK SHOW) ဆွေးနွေးပွဲဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေး (TALK SHOW) ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပသည်၊၊

အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းသို့ အလှူငွေများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို အလှူရှင်များက လာရောက်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊စိန်ရတနာ နာရေးကူညီမှုအသင်းအနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် ရည်ရွယ်လျက် ယမန်နေ့နံနက်ပိုင်းမှစတင်ကာ အလှူရှင်များက အသင်းရုံးသို့ အလှူငွေများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများကို လာရောက်လှူဒါန်းခဲ့ သည်။

တန့်ယန်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ကျောင်းနေအရွယ်ကလေးများဖြစ်သည့် အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၅)အခြေခံပညာမူလတန်းလွန်ကျောင်း၌ ထိုးနှံပေးသည်။

ကြံခင်းမြို့နယ် ကန်ကလေးတောရဓမ္မရိပ်သာသို့ မြို့နယ်တိုင်းရင်းဆေးမှ ကွင်းဆင်းဆေးကုသပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် တိုင်းရင်းဆေးဦးစီးဌာနမှ ဝါဆိုလပြည့်ကျော် (၈)ရက်နေ့ ဇီဝိတဒါနကုသိုလ်အလှူအဖြစ် ကန်ကလေးတောရဓမ္မရိပ်သာရှိ ဆရာလေးများ၊ ယောဂီများနှင့် ဥပုလ်သီလ ဆောက်တည်ကြသောပြည်သူများအား ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါဓမ္မရိပ်သာသို့ ကွင်းဆင်းဆေးကုသပေးကြောင်း သိရသည်။

မိုင်းယောင်းမြို့တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့တွင် ယနေ့နံနက်က ပင်စင်လစာများကို အငြိမ်းစားဝန်ထမ်းများအား ထုတ်ပေးလျက်ရှိကြောင်း မိုင်းယောင်းမြို့ မြန်မာ့စီးပွားရေးဘဏ်မှ

ကြံခင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများ စတင်ထုတ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများကို ယနေ့ နံနက်(၆)နာရီအချိန်က စတင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မောက်မယ်မြို့နယ်၌ တန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်နည်းသင်တန်းဆင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုး ရေးနှင့်လူမှုစီးပွားဘဝမြှင့်တင်နိုင်ရန်အတွက် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ကျေးလက်နေလူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိရေး လုပ်ငန်းစဉ်များကို စီမံချက်ရေးဆွဲကာ တစ်ဖက်တစ်လမ်းမှ
Subscribe to