မိုင်းဆတ်မြို့၌ အသက် ၅ နှစ်မှ ၁၂ အထိ ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

မိုင်းဆတ် ဇူလိုင် ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ အခြေခံပညာကျောင်းများမှ အသက် ၅ နှစ်မှ ၁၂ အထိ ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီက စတင်၍ စာသင်ကျောင်း ဆေးထိုးစုရပ်နေရာများအလိုက် ကျန်းမာရေးဝန်ထမ်းများ က ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကိုယ်ပူချိန်တိုင်းတာခြင်း၊ ဆရာ၊ ဆရာမများမှ မှတ်တမ်းရေးသွင်းခြင်းများကို ဆောင်ရွက်ပေးပြီး  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အ.ထ.က(မိုင်းဆတ်) အသက်(၅)နှစ်မှ (၁၂)အထိ ကျောင်းသား၊ ကျောင်းသူ(၃၄၈)ဦးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) တစ်လုံးလျှင်(၁၀)ဦးနှုန်းဖြင့် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများက ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)