ပြင်ဦးလွင်မြို့မဈေးကြီး သမဝါယမအသင်းလီမိတက်မှ ဈေးသမဝါယမ အသင်းသားများသို့ အကျိုးအမြတ်များ ခွဲဝေပေး

ပြင်ဦးလွင် ဇူလိုင်​ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ ပြင်ဦးလွင်မြို့မဈေးကြီး သမဝါယမအသင်းလီမိတက်မှ ဈေးသမဝါယမ အသင်းသား များသို့ အကျိုးအမြတ်များ ခွဲဝေပေးမှုများကို ယမန်နေ့ နံနက်ပိုင်းက  ဆောင်ရွက်ခဲ့သည်။

ထိုကဲ့သို့ အကျိုးအမြတ်များ ခွဲဝေပေးရာတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွက် အသင်းသား ၇၇၀ ကျော်အား တစ်ဦးလျှင် ငွေကျပ် ၂၀၀၀ဝိ/-နှုန်းဖြင့် ငွေကျပ်သိန်း ၁၅၀ ကျော် ပေးအပ်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြင်ဦးလွင်မြို့နယ်၊ မြို့မဈေးကြီး၊ ဈေးသမဝါယမအသင်းလီမိတက်သည် အသင်းမှတ်ပုံတင်အမှတ် ခ/၃၉၅၆/စသ (ပြင်ဦးလွင်)ဖြင့် ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့က စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည့် သမဝါယမအသင်းလီမိတက်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ဖြူလူသစ်