ကျောက်ဆည် ဇူလိုင် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ဖောင်ရွာရပ်၊ နေလသုခဓမ္မာရုံ (ဗြဟ္မဝိဟာရ) လေးထပ်ဆောင်ခန်းမတွင် ယနေ့မွန်းတည့် (၁၂) နာရီက နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော (၆၅) ကြိမ်မြောက် မြို့နယ်အဆင့် ဝိနည်းစာမေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ သံဃာ (၄၇၈) ပါး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရှိရသည်။
အဆိုပါဝိနည်းစာမေးပွဲတွင် မြို့နယ်အတွင်းရှိ စာသင်တိုက်အသီးသီးမှ သံဃာတော်စုစုပေါင်း (၄၇၈) ပါး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး စာမေးပွဲဖြေဆိုရာတွင် လိုအပ်သည်များမရှိစေရေး ရာသက်ပန်ဆွမ်းအလှူရှင် ဦးညီညီနိုင် (ရှင်းမျက်မှန်) မိသားစုမှ နေ့ဆွမ်းနှင့်အချိုရည်များ ဆက်ကပ်ခဲ့ကြေင်းနှင့် ဝိနည်းစာမေးပွဲ ကို ကျောင်းထိုင်ဆရာတော်ကြီးများကြီးမှူး၍ ပဓာနဝန်ဆောင်ဆရာတော်ကြီးများအဖွဲ့မှ ဦးဆောင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင် (၂၇) ရက်နေ့တွင် မြို့နယ်သံဃနာယကရုံး၌ အောင်စာရင်းများ ထုတ်ပြန်သွားမည်ဖြစ်ကြောင်းနှင့် ဩဂုတ် (၁၁) ရက်နေ့တွင် သီရိသာသနာ့ဓမ္မာရုံ၌ စာအောင် လက်မှတ်များ ဆက်ကပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင် (ကျောက်ဆည်)