ထားဝယ်မြို့တွင် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကိုယမန်နေ့မွန်းလွဲ(၁)နာရီက ထားဝယ်မြို့၊ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

လှိုင်းဘွဲမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကဗျာရွတ်ဆို၊ပုံပြင်ပြော၊စာဖတ်စွမ်းရည်နှင့်အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများအတွက် လေ့ကျင့်ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများအနေ ဖြင့် ကာယ၊ ဉာဏ်ဏဖွံ့ဖြိုး တိုးတက်လာစေရန်အတွက် အခြေခံ ပညာအလယ်တန်းအဆင့် ကဗျာရွတ်ဆို၊ ပုံပြင်ပြော၊ စာဖတ်စွမ်းရည်နှင့်အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများအတွက်  ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က လှိုင်းဘွဲမြို့နယ် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း ၌ လေ့ကျင့်ဆောင်ရွက်ပေးခဲ့ကြသည်။

မြိတ်မြို့တွင် တရားရုံးစစ်ဆေးဆဲအမှုများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ တရားရုံးစစ်ဆေးဆဲအမှုများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာခန်းမတွင် ယမန်နေ့နေ့လယ်ပိုင်းက ကျင်းပခဲ့ပြီး  တိုင်းဒေသကြီး တရားလွတ်တော်တရားသူကြီးချုပ် တက်ရောက် အမှာစကား ပြောကြားသည်။

ညောင်ဦးခရိုင်ရုံး လူထု အခြေပြုဗဟိုဌာနခန်းမတွင် စာပေရေးရာဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club ၏ စာပေရေးရာဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က စာပေဆွေး နွေးခဲ့ကြောင်းသိရသည်။

သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ခြင်ဆေးဖျန်းခြင်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင် ကာကွယ်ရေးရွာလုံးကျွတ်ခြင်ဆေးဖျန်းခြင်းများအား ညောင်ဦးမြို့ အမှတ်-၅ အရန်မီး သတ်တပ်ဖွဲ့က ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က ကန်နီပေါက်ကျေးရွာလုံးကျွတ် သွေးလွန်တုပ် ကွေးရောဂါ မဖြစ်ပွားစေရေး ဆေးဖျန်းခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဘူးသီးတောင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌" သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့်သရုပ်ပြ "အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြအခမ်းအနားကို မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ယမန်နေ့ ညနေပိုင်းက ဘူးသီးတောင်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မေယုရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

လိပ်သိုမြို့အမှတ်(၃)ရပ်ကွက်ရှိ သမ လမ်းသွယ်အား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး

ကရင်ပြည်နယ်၊ဘားအံခရိုင်၊လိပ်သိုမြို့၊ အမှတ်(၃) ရပ်ကွက်ရှိ သမလမ်းသွယ်အား သွားလာသယ်ယူပို့ဆောင်မှု လွယ်ကူချောမွေ့စေရန်ရည်ရွယ်၍ မြို့စည်ပည်သာယာရေးအဖွဲ့မှ ကွန်ကရစ်လမ်းအဖြစ် တည်ဆောက်ပေးခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ပြည်သူများယခင်က ထက်ပိုမို၍ အဆင်ပြေချောမွေ့စွာ သွားလာအသုံးပြုလျက်ရှိနေပြီဖြစ်​ကြောင်း သိရသည်။

မြန်မာအလုပ်သမားများ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် ထိုင်းနိုင်ငံသို့ ထွက်ခွာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် မြန်မာအလုပ်သမားများစေလွှတ်ရေး လုပ်ငန်းစဉ်အရ ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာအလုပ် သမား အမျိုးသား(၆၉)ဦး၊ အမျိုးသမီး(၂၂)ဦး၊ စုစုပေါင်းအလုပ်သမား(၉၁)ဦး ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ထွက်ခွာသွားကြောင်း သိရသည်။

ကချင်ပြည်နယ်တရားလွှတ်တော်၌ တရားမမှုများတွင် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး စနစ် ဩဂုတ်(၁)ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး မိတ်ဆက်ရှင်းလင်း

ကချင်ပြည်နယ်တရားလွှတ်တော် မြစ်ကြီးနားမြို့ တရားမမှုများနှင့် ပတ်သက်၍ တရားရုံးက ထိရောက်မြန်ဆန်သော တရားရုံးအငြင်းပွားမှု ဖြေရှင်းရေးစနစ်များ သတ်မှတ်ဆောင်ရွက်ရန်၊ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်ကို ၂၀၂၂ ခုနှစ် ဩဂုတ်(၁)ရက်နေ့တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့ နံနက် (၉)နာရီခွဲက ပြည်နယ်တရားလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to