ညောင်ဦး ဇူလိုင် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင် ကာကွယ်ရေးရွာလုံးကျွတ်ခြင်ဆေးဖျန်းခြင်းများအား ညောင်ဦးမြို့ အမှတ်-၅ အရန်မီး သတ်တပ်ဖွဲ့က ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က ကန်နီပေါက်ကျေးရွာလုံးကျွတ် သွေးလွန်တုပ် ကွေးရောဂါ မဖြစ်ပွားစေရေး ဆေးဖျန်းခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ညောင်ဦးမြို့နယ် ကန်နီပေါက်ကျေးရွာတွင် သွေးလွန်တုပ်ကွေးရောဂါကူးစက်ဖျား နာမှုများရှိနေသဖြင့် ခြင်နှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ရွာလုံးကျွတ် ဆေးဖျန်းခြင်း လုပ်ငန်းများကူညီဆောင်ရွက်ပေးနိုင်ပါရန် ကျေးရွာအုပ်ချုပ်ရေးမှူးမှဆက် သွယ်အကူအညီ တောင်းခံလာမှုအရ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနနှင့် အမှတ်-၅ အရန်မီးသတ်တို့ပူးပေါင်း ၍ အမှတ်-၅ အရန်မီးသတ်တပ်ဖွဲ့ပိုင် ခြင်ဆေးဖျန်းစက်(၂)လုံးဖြင့် ကျေးရွာလူနေအိမ်များ၊ လမ်းများအားလုံးတို့အား တစ်အိမ်ဝင်တစ်အိမ်ထွက် တစ်လမ်းဝင်တစ်လမ်းထွက်ဖြင့် အဖွဲ့(၂)ဖွဲ့ခွဲ၍ ကျေးရွာအတွင်းရှိ နေအိမ်များအားလုံးနှင့် လမ်းများအားလုံး၊ ခြင်ခိုအောင်းနိုင်သည့် မြောင်းများ ရေစီးရေလာကောင်းမွန်စေရေး၊ ပေါင်းမြက်ထူပြောသည့်နေရာများနေရာများအား ခြင်ဆေးဖျန်း ခြင်းလုပ်ငန်းများ ပိုက်စိပ်တိုက်စနစ်ဖြင့် ခြင်ဆေးဖျန်းခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း၊ ကန်နီပေါက်ကျေးရွာတွင် အိမ်ခြေ ၃၄၀ ခန့်နှင့်လူဦးရေ ၈၂၀ ဦးနေထိုင်ကြောင်း၊ ယမန်နှစ်ကလည်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုများခဲ့သဖြင့် ရွာလုံးကျွတ်ခြင်ဆေးဖျန်းခြင်းများဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ခြင်းဆေးဖျန်းခြင်းများအကူအညီတောင်းခံလိုပါက ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနမှမီးသတ်တပ်ဖွဲ့ဝင်များနှင့် အမှတ်-၅ အရန်မီးသတ်တပ်ဖွဲ့သို့ အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။
ကိုကြေးမုံ