လိပ်သို ဇူလှိုင် ၂၂
ကရင်ပြည်နယ်၊ဘားအံခရိုင်၊လိပ်သိုမြို့၊ အမှတ်(၃) ရပ်ကွက်ရှိ သမလမ်းသွယ်အား သွားလာသယ်ယူပို့ဆောင်မှု လွယ်ကူချောမွေ့စေရန်ရည်ရွယ်၍ မြို့စည်ပည်သာယာရေးအဖွဲ့မှ ကွန်ကရစ်လမ်းအဖြစ် တည်ဆောက်ပေးခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ပြည်သူများယခင်က ထက်ပိုမို၍ အဆင်ပြေချောမွေ့စွာ သွားလာအသုံးပြုလျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းမှာ တောင်ငူ-လွိုင်ကော်ပြည်ထောင်စုလမ်းနှင့် အထက ကျောင်းသို့သွားသောလမ်း ၂ လမ်းအားဆက်သွယ်ပေးထားပြီး အရှည် ၂၃၀ပေ၊ အကျယ် ၁၀ပေ၊ ထု ၆ လက်မဖြစ်ကာ ပြည်နယ်စည်ပသ်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၇၅ သိန်းဖြင့်တည်ဆောက်ပေးခဲ့ကြောင်း သိရသည်။
လိပ်သို(ပြန်/ဆက်)