နတ်တလင်းမြို့မ‌ဈေးကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်၍ Mask Campaign ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၊မြို့မစည်သာယာရေး ဈေးကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်ပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

စာဘူးတောင်းကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးသူများအား Booster အပိုထပ်ဆောင်းထိုးနှံ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန် ရည်ရွယ်၍ အသက်(၁၅)နှစ်မှ အသက်(၁၈)နှစ်နှင့်အထက် ဒေသနေပြည်သူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များတို့အားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Boooster အပိုထပ်ဆောင်း ထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက စာဘူးတောင်းကျေးရွာအုပ်စုတွင် တာဝန်ရှိသူများက ကွင်းဆင်းထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပူတာအို‌၌ ၂၀၂၂ ခုနှစ် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲကွင်းဖွင့်

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများကို အခြေခံ၍ လူငယ်များအား ကစားကို ပိုမိုစိတ်ဝင်စားပြီး စိတ်ဓာတ်ခန္ဓာပိုမိုကျန်းမာကြံ့ခိုင်လာစေရန်၊ ဘောလုံးစွမ်းရည်ဖလှယ်ရင်း စွမ်းရည်ပိုမိုမြင့်မား လာပြီး မြို့နယ်လက်ရွေးစင်မှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားအဆင့်ထိ တက်လှမ်းလာနိုင်ရန်၊ အားကစား ကို စိတ်အားထက်သန်ခြင်းဖြင့် မိမိဘဝပျက်စီးရာ ပျက်စီးကြောင်း မူးယစ်ဆေးဝါး သားကောင်ဖြစ်စရာ အကြောင်းများမှ ရှောင်ရှားစေနိုင်ရန်နှင့် အနာဂတ်၏ မျိုးဆက်သစ် လူငယ်များ အားကျအတုယူပြီး အားကစားကို အစဉ်အမြဲ စိတ်ဝင်စားလာစေရန်အတွက် ၂၀၂၂ ခုနှစ် ပူတာအိုမြို့နယ် စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်း အနားကို ယမန်နေ့ မွန်းလွဲ(၃)နာရီက မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။

မင်းဘူးမြို့တွင် ကြက်သွန်နီဈေး ပြန်လည်မြင့်တက်လာ၍ တောင်သူများအဆင်ပြေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ် ကြက်သွန်နီစိုက်ပျိုးကြသူများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကာ ဈေးကောင်းပြန်လည်ရရှိလာသောကြောင့်  အဆင်ပြေလျက်ရှိကြကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများကို အားကစားဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြခြင်းများ ကွင်းဆင်းဆောင်ရွက်

ကျောင်းသား၊ ကျောင်းသူများ စည်းလုံးမှုရရှိကာ ကျန်းမာရွှင်လန်းပြီး ဉာဏ်ရည်ထက်မြတ်စေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားဆိုင်ရာအသိပညာပေး ဟောပြောခြင်းနှင့်

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် စက်သုံးဆီဆိုင်များအား မြေပြင် ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် စက်သုံးဆီဆိုင်များအား ယမန်နေ့ နံနက် ၁၀ နာရီ အချိန်   မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

သံတောင်ကြီးမြို့နယ်   Community   Centre ခန်းမတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Talk  Show   ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်၍ ပြည်သူများသိရှိစေရန်နှင့် အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Talk   Show ကို ယနေ့နံနက်(၁၀)နာရီအချိန်က သံတောင်ကြီးမြို့နယ် (Community Centre)ခန်းမတွင် ပြုလုပ်ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအသိပညာပေးဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတတ်မြင့်မားရေး ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေအသိပညာပေးဆွေးနွေးပွဲကို

ပြည်ကြီးမဏ္ဍိုင်မြို့တွင်အသက်(၅)နှစ်မှ(၁၂)နှစ်အောက်ကျောင်းသား/ကျောင်းသူများအား ဒုတိယအကြိမ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား/ကျောင်းသူများအားယနေ့ နံနက်(၉)နာရီခွဲအချိန်က အခြေခံပညာအလယ်တန်းကျောင်း(ပြည်ကြီးမဏ္ဍိုင်)ကျောင်း၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပခုက္ကူမြို့ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲကျင်းပ

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် (၄/၂၀၂၂) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပသည်။
Subscribe to