ညောင်ဦး ဇူလိုင် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club ၏ စာပေရေးရာဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က စာပေဆွေး နွေးခဲ့ကြောင်းသိရသည်။
အဆိုပါစာပေရေးရာဆွေးနွေးပွဲတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ အဖွဲ့ဝင် ဦးညီညီ၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊(လက်ထောက် ညွှန်ကြားရေးမှူး)ဒေါ်စန်းယုမော်မှ အမှာစကားပြောကြားပြီး စာအေုပ်စာစောင်ချစ်မြတ်နိုးသူအသင်း ဝင်များက လူငယ်များအတွက် အတွေးအမြင်စာစုများဖြစ်တဲ့ စာရေးဆရာ စိုက်သူ၏ အမှားစပါးလုံးကောက်သူများ စာအုပ်အား စာပေချစ်မြတ်နိုးသူများက ဆွေးနွေးကြကြောင်း သိရသည်။ ထိုစာအုပ်တွင် ခေါင်းစဉ်ခွဲ ၁၉ ခုဖြင့်ခွဲခြမ်းစိတ်ဖြာ ရေးသားထားပြီး စာမျက်နှာ ၁၆၉ ပါကြောင်း သိရသည်။
ကိုကြေးမုံ