လူထုအခြေပြုဗဟိုဌာန Community Centre (တောင်ကြီး)ဖွင့်ပွဲအခမ်းအနားအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်စိုးသည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန CommunityCentre ဖွင့်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီးဆောင်ရွက်သွားနိုင်ရေး အတွက် ကြိုတင်ပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိပြီးစီးမှုအခြေအနေများအား ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက အဆိုပါဘက်စုံသုံးခန်းမ၌ တာဝန်ကျဝန်ထမ်းများနှင့် တွေ့ဆုံလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ် အ.ထ.က (၂၇) အခြေခံပညာအထက်တန်းကျောင်းတွင် ဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ် အ.ထ.က (၂၇) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီး၍ ယနေ့နံနက် ၉ နာရီအချိန်ခန့်က ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင်ကိုဗစ်-၁၉ ‌ရောဂါနှင့် မျိုးဗီဇပြောင်းရောဂါ (အိုမီခရွန်)ကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မြောက်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပင်းတယမြို့နယ်၌ ဂျူးမြစ်များလှိုင်လှိုင်ထွက်ရှိ၍ မိသားစုအပိုဝင်ငွေရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် တောင်ပေါ်ကြီးကျေးရွာတွင် ယခုရက်ပိုင်းအတွင်း၊ ဂျူးမြစ်လှိုင်လှိုင် ထွက်ရှိပြီဖြစ်၍ မိသားစုနေ့စဉ် လုပ်ငန်းများဖြင့် အပိုဝင်ငွေ ရရှိလျက်ရှိသည်။

ကမမောင်းမြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လူတိုင်းပါဝင်ဆောင်ရွက်ပေး နံရံကပ်နှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများအကြောင်း အသိပညာပေးနံရံကပ်စာစောင်များပြသ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး လူတိုင်းပါဝင်ဆောင်ရွက်ပေး နံရံကပ်နှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများအကြောင်း အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက်(၁၀)နာရီခွဲအချိန်က ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန၌ ချိတ်ဆွဲပြသခဲ့ကြောင်း သိရှိရသည်။ နံရံကပ်စာစောင်တွင်

ရွှေတောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူများအား ထပ်ဆောင်းအကြိမ်(Booster Dose) ထိုးနှံ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူများအား ထပ်ဆောင်းအကြိမ် (Booster Dose) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ရွှေတောင်မြို့ ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးလျက်ရှိသည်။

ဒေးဒရဲမြို့၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးTalk Show ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကို

ကန့်ဘလူမြို့နယ်၌ စျေးနှုန်းသက်သာစွာဖြင့် မျိုးကောင်းမျိုးသန့်မျိုးစေ့များ ဖြန့်ဖြူးပေးနိုင်ရန် စိုက်ပျိုးထားသည့် နေကြာသီးနှံများအောင်မြင်ဖြစ်ထွန်း

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ကန့်ဘလူ မျိုးသန့်ခြံစိုက်ကွင်း၌ တိုင်းဒေသကြီးအတွင်း ​တောင်သူများအတွက် သီးနှံအရည်အသွေး ကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်မျိုးစေ့များ ဖြန့်ဖြူးပေးနိုင်ရန် စိုက်ပျိုးထားသည့် နေကြာသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြိုနယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး နမ့်ဆန်ဒေသရုံးသည် ရုံးဝန်ထမ်းများ အရည်အသွေးမြင့်မားရေးအတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ
Subscribe to