မင်းလှမြို့နယ်၌ ၂၀၂၂၂၀၂၃ခုနှစ်တွင် နေကြာ(မိုး)သီးနှံသီးသန့်၊ သီးညှပ်စိုက်ပျိုးဖြစ်ထွန်းနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကွင်းဆင်း ကြည့်ရှု စစ်ဆေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌၂၀၂၂-၂၀၂၃ခုနှစ်တွင် နေကြာ(မိုး)သီးနှံ သီးသန့်၊ သီးညှပ်စိုက်ပျိုးဖြစ်ထွန်းနေမှု အခြေအနေများကို    မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များမှ ယမန်နေ့ညနေပိုင်းက နေကြာစိုက်ခင်းများတွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

လားရှိုးမြို့တွင် သတ်မှတ်စုရပ်နေရာများတွင် အသက်(၅)နှစ်နှင့်(၁၅)နှစ် ကျောင်းနေပြင်ပကလေးများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ပေးလျက်ရှိရာ ယမန်နေ့၊ နံနက်ပိုင်းမှစ၍ ပြည်သူ့ဆေးရုံကြီး၊ ရပ်ကွက်(၁) နယ်မြေ(၉)၊ ရပ်ကွက်(၁၂)၊ ကောင်းကြဲ(ပိတ်)အုပ်စု၊ ပုန်းထွန်ကျေးရွာအုပ်စု၊ လုပ်ဝိုင်ကျေးရွာအုပ်စု၊ အမှတ်(၁၊၂၊၃၊၄) အခြေခံပညာအထက်တန်းကျောင်း စသည့်စုရပ်နေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများနှင့် Booster Dose များ ထိုးနှံပေးလျက်ရှိသည်။

လဲချားမြို့နယ် (အ-ထ-က)ကျောင်းတွင် လူငယ်နှင့်ခေါင်းဆောင်မှု အသိပညာပေး ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်နှင့်ခေါင်းဆောင်မှု အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၁၀)နာရီခွဲ အချိန်က

ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ငွေကျပ်(၂၇၃.၀၄၃၄၀၀)သန်း အကုန်အကျခံကာ လုပ်ငန်း(၆၀)မျိုး ပြန်လည်ပြုပြင်ပေးနိုင်ရေးလျာထား

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် သင်ကြား/သင်ယူမှုများ အဆင်ပြေစေရေး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ငွေကျပ်(၂၇၄.၀၄၃၄၀၀)သန်း အကုန်အကျခံကာ လုပ်ငန်း (၆၀)မျိုး ပြန်လည်ပြုပြင်ပေးနိုင်ရေး လျားထားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

မိုးညိုမြို့နယ်၊ မိုးသစ္စာကျေးရွာအနီးရှိ မြစ်မခမြစ် သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ မိုးသစ္စာကျေးရွာအနီးရှိ မြစ်မခမြစ်သဘာဝရေပြင်အတွင်း မြို့နယ်ငါးမျိုးစိုက်ထည့်မှုကြီးကြပ်ကွပ်ကဲရေးကော်မတီ၏ အစီအစဉ်ဖြင့် (၂)လက်မအရွယ် ငါးသားပေါက်များအား ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)၌ လူငယ်နှင့်မီဒီယာ အသိပညာပေး Talk Show ဆောင်ရွက်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ရုံးမှ ပြည်သူများ အသိပညာဗဟုသုတများရရှိစေရေးအတွက် Onlineမှတစ်ဆင့် အသိပညာပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်နေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)၌ လူငယ်နှင့်မီဒီယာ အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြသည်။

ကျိုင်းတုံမြို့နယ်၌ ငလျင်လှုပ်နေစဉ် ဘေးအန္တရာယ်ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရေး လိုက်နာရ မည့်အချက်များ အသိပညာပေးနှိုးဆော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ငလျင်လှုပ်နေစဉ် ဘေးအန္တရာယ်ဖြစ်ပွားခြင်းမှကာကွယ်နိုင်ရေး လိုက်နာရမည့်အချက်များ အသိပညာပေးနှိုးဆော်ခြင်း ဇူလိုင် ၂၂ ရက် နံနက် ၉ နာရီက လူစည်ကားသည့်နေရာများတွင် တာဝန်ရှိသူများက

နတ်မောက်မြို့နယ်တွင် တိုင်ထောင်ပဲများ စိုက်ပျိုးမှု အောင်မြင် ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ကျေးရွာများရှိ တောင်သူများအနေဖြင့် ထိုင်ဝမ်ပဲတိုင်ထောင် (ခေါ်) တိုင်ထောင်ပဲများကို စိုက်ပျိုးလျက်ရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။             

ပေါက်ခေါင်းမြို့နယ်အတွင်း အိုမီခရွန်မျိုးကွဲ BA.4, BA.5 များ ကူးစက်ပြန့်နှံ့မှုမရှိစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ BA.4, BA.5 များ မြို့နယ်အတွင်း ကူးစက်ပြန့်နှံ့မှုမရှိစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေလယ် ၃ နာရီက ပြုလုပ်ခဲ့သည်။
Subscribe to