ရန်ကုန်ဝါးတားဘတ်စ် အောက်တိုဘာ ၁ ရက်တွင် ပြန်လည်ပြေးဆွဲမည်

နှစ်နှစ်ကျော်ကာလရပ်နားထားသော YANGON WATER BUS ကိုအောက်တိုဘာ ၁ ရက်နေ့တွင် ပြန်လည်ပြေးဆွဲသွားမည်ဖြစ်‌ကြောင်း ယ‌မန်နေ့ မွန်းလွဲ ၁ နာရီခွဲက ရန်ကုန်မြို့ Hotel Melia ၌ ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။

မအီမြို့တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသူ/ကျောင်းသားများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် မအီမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်၍ အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသူ၊ ကျောင်းသားများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm)ကို ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်မှ စတင်၍ ဂျီဖြူတောင်ကျေးရွာအုပ်စု အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကွင်းဆင်း ထိုးနှံခဲ့ကြောင်း သိရသည်။

ကျောင်းပြင်ပမူလတန်းပညာရေးမှ တက္ကသိုလ်ဝင်တန်းအောင်မြင်သူ မယုဝေဝေအောင်အား ဂုဏ်ပြုချီးမြှင့်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောင်းပြင်ပမူလတန်းပညာရေး (N F P E) တွင် စတင်တက်ရောက်ပြီး ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ခဲ့သည့် မယုဝေဝေအောင်အား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က သံတွဲမြို့နယ်ပညာရေးမှူးရုံး၌ ကျင်းပခဲ့သည်။

မိုင်းဆတ်မြို့၌ မိုးရာသီ ပြောင်းသီးနှံစိုက်ပျိုးရောင်းချသူများအဆင်ပြေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ မိုးရာသီပြောင်းသီးနှံစိုက်ပျိုးမှုများ အောင်မြင်ဖြစ် ထွန်းကာ ဈေးကောင်းရသဖြင့်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း

"ရေမှာအမှိုက် လယ်ယာမြေမှာ ရတနာသိုက်" ဖြစ်လာစေသော အီးအမ်ဗေဒါမြေဆွေးပုံ ပြုလုပ်နည်း အသိပညာပေးဟောပြော လက်တွေ့သရုပ်ပြ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ အောင်တပ်ကျေးရွာ၌ တောင်သူများအား အီးအမ်ဗေဒါ မြေဆွေးပုံပြုလုပ်နည်းကို ယမန်နေ့  နံနက် ၁၀ နာရီအချိန်က အသိပညာပေးဟောပြော လက်တွေ့ပြုလုပ်ပုံ အဆင့်ဆင့်ကို ပူးပေါင်း လုပ်ဆောင်ကြသည်။

ဗန်းမော်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ “ဘေးကင်းသော သောက်သုံးရေအကြောင်း သိကောင်းစရာ” အသိပညာပေး Talk Show ပြုလုပ်

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ “ဘေးကင်းသော သောက်သုံးရေအကြောင်းသိကောင်းစရာ” အသိပညာပေး Talk Show ဆွေးနွေးပွဲ ကို ယနေ့နံနက် ၉ နာရီခွဲက ဗန်းမော်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ်တွင် လူဦးရေနှင့်သဘာဝပတ်ဝန်းကျင် အသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာများအကြောင်းအရာများအား ပြည်သူများ သိရှိနိုင်စေရန်ရည်ရွယ်၍လူဦးရေနှင့် သဘာဝပတ်ဝန်းကျင် အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်၉နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စက်မှုဇုန်များရှိ စက်ရုံဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့် လွမ်းခြုံမှုရှိစေရန် Booster Dose (CoviShield) အား နေ့စဉ်ထိုးနှံ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dose (CoviShield) ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံပြီးစီးရေး စက်မှုဇုန်များရှိ ဝန်ထမ်းများအား(၇)ရပ်ကွက် ဒေသန္တရကျန်းမားရေးဌာနနှင့် စက်မှုဇုန်စက်ရုံများ၌ ယမန်နေ့ နံနက်ပိုင်းတွင်‌ နေ့စဉ်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ငဖဲမြို့နယ်၌ ဆီထွက်သီးနှံနေကြာစိုက်ဧက (၇၈၉) ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ကျေးရွာအုပ်စု(၂၂)အုပ်စုတွင် မိုးသီးနှံနေကြာစိုက်ဧက (၇၈၉) ဧက စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့နယ်အတွင်း ကိုဗစ်-၁၉​ ရောဂါ ကာကွယ်​ဆေး ပြည်သူများအား ဆက်လက်ထိုးနှံ​

ရန်ကုန်တိုင်း​ဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာစေတီတော်၀င်းအတွင်းရှိ ရတနာ့ဗိမာန်တော်တန်ဆောင်းတွင် ယ​မန်နေ့နံနက် ၁၀ နာရီမှ​ နေ့လယ် ၁ နာရီထိ ဒဂုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းသူကျော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးစောပိုင်၊ အဖွဲ့ဝင်(၂) ဦးမြင့်အေး၊ အတွင်းရေးမှူး ရဲမှူးတင်အေးတို့မှ ကြီးကြပ်၍ ဒဂုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ် ကျန်းမာရေး ဦးစီးမှူး ဒေါက်တာရွှေပြည်ပါ ကျန်းမာရေး ဝန်ထမ်း ၁၂ ဦးမှ ဒဂုံမြို့နယ်အတွင်းရှိ ယောမင်းကြီး ရပ်ကွက်၊ ဘုရားကြီးရပ်ကွက်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ ပြည်လမ်းအနောက်ရပ်ကွက်၊ ဦးဝိစာရရပ်ကွက်တို့မှ အသက်(၁၈)နှစ်နှင့်အထက်ရှိသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံခြင်း ဆောင်ရွက်ခဲ့ရာ ကျား ၁၀ ဦး၊ မ ၁၁ ဦး၊ စုစုပေါင်း ၂၁ ဦး လာရောက်ထိုးနှံခဲ့ပြီး ကာကွယ်ဆေး ၁ လုံးလျှင် ၅ ဦးနှုန်းဖြင့် ၂၁ ဦးအတွက် ဆေးအလုံးရေ ၄.၂ လုံးအား ထိုးနှံ​ပေးခဲ့သည်။
Subscribe to