KG တိုင်းရင်းသား ကျောင်းသား/ကျောင်းသူများအတွက် တိုင်းရင်းသား ပုံပြပုံပြင်စာအုပ်များပေးအပ်ပွဲ အခမ်းအနားကျင်းပ

ပဲခူးမြို့၊တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက KG တိုင်းရင်းသား ကျောင်းသား/ကျောင်းသူ များအတွက် တိုင်းရင်းသားပုံပြ ပုံပြင်စာအုပ်များ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ် သည်။

ကျောက်ဆည်မြို့ သန့်ရှင်းသာယာလှပစေရေး ရန်ကုန်-မန္တလေးနှင့်မြို့တော်ခန်းမဘေးရှိ ရေနုတ်မြောင်းပြန်လည်ပြုပြင်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့သန့်ရှင်သာယာ လှပစေရေးအတွက် ရက်ကွက်များအတွင်းရှိ ရေနုတ်မြောင်းများအား ရေစီးရေလာကောင်းမွန်စေရေးအတွက် အမှိုက်များဆယ်ယူခြင်း၊ ပြန်လည်ပြုပြင်ပေးခြင်းများ ဆောင် ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ရန်ကုန်-မန္တလေးလမ်းနှင့်မြို့တော်ခန်းမဘေးရှိရေနုတ်မြောင်းအား ရေစီးရေလာ ကောင်းမွန်ရေး ပြန်လည် ပြုပြင်ပေးခဲ့ကြောင်း သိရသည်။       

သိန္နီမြို့နယ်တွင် မိုးစပါးများ စတင်စိုက်ပျိုး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကထား၍ နှစ်စဉ် နွေစပါး၊ မိုးစပါး၊ ဆီထွက်သီးနှံနှင့် ဟင်းချက်စရာသီးနှံများကို နမ္မတူချောင်းမှ ရေကိုရယူလျက် နှစ်စဉ်စိုက်ပျိုးလျက်ရှိသည်။

ပဲခူးခရိုင် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေး

ပဲခူးခရိုင် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင် လစာငွေများကို ယနေ့ နံနက် ၆ နာရီ မှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များ နှင့်အညီ ဒုတိယနေ့အဖြစ် အလှည့်ကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ပြီးစီးရေး ဆက်လက်ထိုးနှံ

ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူ ပြည်သူများအား စမ်းချောင်းမြို့နယ် မုန့်လုပ်ဆောင်းကုန်း/ တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက(၁)ကျောင်းဝင်းအတွင်းတွင် ယနေ့​နံနက်(၉)နာရီက  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံသူ(၇၀)ဦး၊ ဒုတိယအကြိမ် ထိုးနှံသူ(၃၃)ဦးနှင့် တတိယအကြိမ် Booster Dose ထိုးနှံသူ(၄၀၂)ဦး စုစုပေါင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံသူ (၅၀၅)ဦးအား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့ အ.ထ.ကကျောင်းရှိ ကျောင်းသား/သူများအား ကလေးသူငယ်အခွင့်အရေး သိရှိနားလည်ရေးနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာများအသိပညာပေးဆွေးနွေး

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် အထက-တနင်္သာရီကျောင်း ပညာရတနာခန်းမအတွင်း ယမန်နေ့နံနက် ၁၀ နာရီအချိန်မှစ၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသူ/သားများအား ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများ သိရှိနိုင်ရေး အသိပညာပေးဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

မရမ်းကုန်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ (၆၉၄) ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinophram) ဒုတိယအကြိမ် ထိုးနှံပေး

“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင်ပါဝင်သည့် လုပ်ငန်းတစ်ခုဖြစ်သောကြောင့် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်နိုင်ရေးအတွက်

မိုးနဲမြို့နယ်၌ တိုက်ရိုက်မျိုးစေ့ချကိရိယာဖြင့် DU-12 စပါးမျိုး ကွင်းသရုပ်ပြစိုက်ပျိုး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ စီစဉ်ကြီးကြပ်မှုဖြင့် DU-12 မိုးစပါးကို တိုက်ရိုက်အစေ့ချ ကိရိယာ ( Drum Seeder )ဖြင့် စိုက်ပျိုးခြင်း တောင်သူနည်းပညာပေး ကွင်းသရုပ်ပြစိုက်ပျိုးခြင်းကို နမ့်မော်ဆွမ့်ကျေးရွာအုပ်စု (ဆီဆုံ)ကျေးရွာ တောင်သူ ဦးသန်းထွန်း၏ လယ်မြေနေရာ၌ ယနေ့နံနက် ၇ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ၏ ပင်စင်လစာငွေများထုတ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်း နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက် (၆) နာရီတွင် ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မိုင်းဆတ်မြို့အောင်ဇေယျဘက်စုံအားကစားကွင်းတွင် အထူးတန်းပွဲကြည့်စင် တည်ဆောက်ခြင်း လုပ်ငန်း များဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ အောင်ဇေယျဘက်စုံအားကစားကွင်းတွင် အထူးတန်း ပွဲကြည့်စင်တည်ဆောက်ခြင်းလုပ်ငန်းကို ဇွန်လမှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်း
Subscribe to