ခိုလမ်မြို့အ.ထ.ကကျောင်း၌ ဝါဆိုသင်္ကန်းဆပ်ကပ်လှူပူဇော်ပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအုပ်ကြီးဦးစိုးအောင်က ဦးဆောင်ပြီး ယမန်နေ့ နံနက် (၁၀:၃၀)နာရီအချိန်က ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပူဇော်ခြင်းကို

မြို့တွင်းရေကြီးရေလျှံမှုမရှိစေရေးအတွက်ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့အတွင်း ရေကြီးရေလျှံမှုမရှိစေရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဇော်မင်း၊ စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမြတ်ခန့်အေးနှင့်အဖွဲ့၊ အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ ပါဝင်သောအဖွဲ့ဝင်များသည် အမှတ် ၄ ရပ်ကွက်ရှိ လမ်းသွယ်များနှင့် လွိုင်လင်မြို့​၏ အဓိက ရေမြောင်းများအား အမှိုက်များရှင်းလင်းခြင်း၊ မြောင်းဖော်ခြင်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကန်ကြီးထောင့်မြို့နယ်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ် တောင်သူများအား ဓာတ်မြေဩဇာများထောက်ပံ့

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားအရှေ့ကျေးရွာအုပ်စု၊ ကွင်းယားကြီးကျေးရွာတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ တောင်သူများသို့ ယမန်နေ့ နံနက်တွင် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်၌ အသက်(၅)နှစ်မှ (၁၂)နှစ် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ဒုတိယအကြိမ်)ထိုးနှံ

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်မှ (၁၂)နှစ် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို (ဒုတိယအကြိမ်)စတင် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် (၁၀) နာရီအချိန်တွင် အမှတ်(၁၂)အခြေခံပညာမူတန်းကျောင်းရှိ ကျောင်းသား/သူများအား ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။

နှစ်စဉ်ရေရှားပါးပြတ်လပ်မှုရှိသော မွေတော်ကုန်းရပ်ကွက်အား ရေဖြန့်ဖြူးပေးဝေနိုင်ရေး ညှိနှိုင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့ အမြင့်ပိုင်းနေရာတစ်နေရာဖြစ်သော မွေတော်ကုန်းရပ်ကွက်သည် နှစ်စဉ်ရေရှားပါးပြတ်လတ်မှုရှိသော ရပ်ကွက်ဖြစ်သောကြောင့် မွေတော်ကုန်းရပ်ကွက်အား ရေရှားပါးပြတ်လပ်မှုမရှိစေရေးအတွက် ယမန့်နေ့မွန်းလွဲ ၃ နာရီ အချိန်က မွေတော်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဇော်မင်း၊ စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိဦးမြတ်ခန့်အေးနှင့်အဖွဲ့၊ အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် မွေတော်ကုန်းရပ်ကွက်ရှိ မိဘပြည်သူ ၈၀ ကျော်တို့ ညှိနှိုင်းအစည်းဝေး ပြုလုပ်ခဲ့သည်။

ကျောက်မဲမြို့၊ အမက(၁၀) မူလွန်ကျောင်းတွင် အသိပညာပေးဟောပြောပွဲဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်မဲမြို့နယ် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က အမက (၁၀) မူလွန်ကျောင်းခန်းမ တွင် အသိပညာပေးဟောပြောပွဲ ကျင်းပ‌ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ပင်းတယမြို့၊ သန့်ရှင်းသာယာလှပရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ မြို့အဝင်ဆိုင်းဘုတ်နှင့် ပြည်သူ့ဆေးရုံရှေ့ လမ်းဘေးဝဲယာတို့တွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက ယမန်နေ့နံနက်က စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူစာဖတ်ပရိတ်သတ်များဖြင့် စာဖတ်ဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မြို့နယ် ပြန်/ဆက် ဝန်ထမ်းများနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် စာဖတ်ပရိတ်သတ်တို့ ပူးပေါင်း၍ စာရေးသူရနံ့သိုက် ရေးသားသော “သင့်အနာဂတ်ကို သင်ကိုယ်တိုင်ဖန်တီးယူပါ” (လူငယ်တို့အတွက် စိတ်ဓာတ်ခွန်အားဖြည့်စာစုများ) စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ်တစ်နာရီက ကျင်းပပြုလုပ်ခဲ့သည်။

သုံးခွမြို့နယ်၊ လူထုအ‌ခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် ပြည်သူများ၊ စာအုပ်စာပေများကို ချစ်မြတ်နိုးတတ်စေပြီး အချင်းချင်းစာပေနှီးနှော ဖလှယ်တတ်စေရန်ရည်ရွယ်၍

သုံးခွမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ ကွက်သစ်သောက်သုံး ရေကန်အား စက်ယန္တရား၊ လူအင်အားတို့ဖြင့်သန့်ရှင်းရေးပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အနော်ရထာလမ်းရှိ မြို့ပေါ်(၁)(၃)ရပ်ကွက်များသို့‌ရေပိုက်လိုင်းဖြင့် ရေဖြန့်ဝေပေးနေသော (၁၀)ဧကကွက်သစ် သောက်သုံးရေကန်သည် ပြည်သူများသောက်သုံး‌ရေ အားကိုးအားထားပြုနေရ‌ သောရေကန်တစ်ကန်ဖြစ်သည်။
Subscribe to