မင်းတုန်းမြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်

မင်းတုန်း ဇူလိုင် ၂၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ပညာရေးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်နှင်းဆင့်က လူငယ်များ လေ့ကျင့် ပျိုးထောင်ရမည့် အမူအကျင့်များ ဟောပြောခြင်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဦးချစ်ကိုကိုအောင်က လူငယ်နှင့် အားကစားဆိုင်ရာများ ဟောပြောပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်ရွှေက လူငယ်များ ကိုယ်ကျင့်တရားနှင့် ကိုယ်ချင်းစာစိတ် ထားရှိနိုင်ရေး အသိပညာပေး ဟောပြော ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)